Healthy Life Ad
Q & A

မန်ကျည်းရွက်ကို ဘယ်လိုစားသင့်သလဲ . . .

မေး. မန်ကျည်းရွက်မှာ ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေရှိပါသလဲ။ မန်ကျည်းရွက်ကို ကြော်စားတာ၊ ချက်စားတာနဲ့ သုပ်စားတာမှာ ဘယ်လိုစားတာက ပိုကောင်းပါသလဲ။
လဝန်း၊ ကျောက်တံတား။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မန်ကျည်းရွက်မှာ ဗီတာမင်အေ အများကြီးပါတယ်။ ဗီတာမင်ကေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အေလည်း ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်လည်း အများကြီးပါပါတယ်။ ကြော်စားတာ၊ ချက်စားတာထက် မန်ကျည်းရွက်ကို သုပ်စားတာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ သုပ်စားတာကတော့ ကယ်လိုရီလည်း သိပ်မပါဘူး။ ဆီလည်း သိပ်မပါဘူး။ မန်ကျည်းရွက်ကို မြေပဲဆန်လေးထောင်းထည့်ပြီး ဆီနည်းနည်းလေးနဲ့ သုပ်စားရင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top