Healthy Life Ad
Health Tips

အသည်းဝေဒနာရှင်တို့ သတိပြုစရာ

(၁) အဆီများသည့် အစားအစာများ

ဝက်သား၊ ဘဲသား၊ အုန်းနို့၊ ဒန်ပေါက်၊ ထောပတ်၊ မလိုင်၊ ရေခဲမုန့်၊ စားအုန်းဆီ၊ အမဲသား၊ တိရစ္ဆာန်ကလီစာ၊ တိရစ္ဆာန်အရေခွံ စတာတွေရှောင်ရပါမယ်။

(၂) အပူအစပ်စာများ

သန့်ရှင်းမှုမရှိတဲ့ ငရုတ်သီးအကြမ်းမှုန့်၊ အပူအစပ်လွန်ကဲတဲ့အစာတို့ကို ရှောင်ရပါမယ်။

(၃) အခြောက်အခြမ်းလုပ်ထားသည့် အသားများ၊ ပြုပြင်ထားသည့် အသားများ

အသားခြောက်၊ ငါးပိ၊ ငါးခြောက်၊ ဆတ်သားခြောက်၊ အမဲခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆိတ်အူချောင်း စတာတွေကိုရှောင်ရပါမယ်။

(၄) အရောင်ဆိုးထားသည့် အစာများ

ငရုတ်ဆီ၊ အရောင်တင်မှုန့်၊ အရောင်ပါတဲ့ ကိတ်မုန့်၊ အချိုရည်တို့ကို ဆင်ခြင်ရပါမယ်။

(၅) အဆင်သင့်အစာများ

ရယ်ဒီမိတ်ခေါက်ဆွဲထုပ်၊ ဖျော်ရည်ဘူး၊ အချဉ်ထုပ် စတာတွေကိုရှောင်ရပါမယ်။

– သတိပြုရန် –

မှိုတက်နေတဲ့အစာ၊ ရက်လွန်နေတဲ့ အစာတွေကိုရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top