၊ မိုးမင်းထွန်း ၊
အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မှ အသက် ၃၂နှစ်အရွယ် ရွန်နီဘရောက်ဝါဟာ ၂၀၁၃ ခုနှစ်က ကိုယ်အလေးချိန် ၆၇၅ ပေါင်ရှိခဲ့ပြီး ဝလွန်းတာကြောင့် အိမ်ကနေ အပြင်ထွက်ဖို့တောင် ခက်ခဲနေပါတယ်။ သူဟာ အသင့်စားအစားအစာတွေ၊ ဆေးပြားနဲ့အရက်စွဲနေခဲ့ပါတယ်။ ၂၈ နှစ် အရွယ်တုန်းက နေထိုင်စားသောက်တဲ့ပုံစံမပြောင်းလဲရင် အသက် ၃၀ မပြည့်ခင် သေမယ်ဆိုတဲ့ မိ သားစုဆရာဝန်ရဲ့သတိပေးစကားက သူ့ဘဝအတွက်အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ဘရောက်ဝါဟာ မူးယစ်ဆေးဝါးနှင့်အရက်ဖြတ်ခဲ့ပြီး ကာဗိုဟိုက်ဒရိုက်လျော့နည်းတဲ့ အစားအသောက်တွေ စားသုံးခဲ့ပါတယ်။ တစ်ရက် ၃နာရီအားကစားလုပ်ခဲ့ပါတယ်။ အစပိုင်းမှာ ထိုင်ခုံပေါ်ထိုင်ရင်း လက်မြှောက်လေ့ ကျင့်ခန်းသာလုပ်နိုင်ခဲ့ပါတယ်။
ရက်၁၀ဝပြည့်တဲ့နေ့မှာ ပေါင် ၁၀ဝ ကိုယ်အလေးချိန်ကျသွားခဲ့ပါတယ်။ ၂၃လအကြာမှာ သူ့ခန္ဓာကိုယ်မှ အဆီပိုအများစုကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဘရောက်ဝါဟာ သူ့ရဲ့ ကိုယ်အလေးချိန်ကျဆင်းတဲ့ အကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ်ပေါ် နေ့ရက်တိုင်းတင်လေ့ရှိပြီး အဲဒီမှာ အားကစားရုံတစ်ခုတည်း ကစားဖော်အန်ဒရီယာမာဆယ်လာရဲ့ လေးစားမြတ်နိုးမှုကို ရရှိခဲ့ပါတယ်။အရပ် ၅ ပေ ၄ လက်မရှိ မာဆယ်လာဟာ ၂၀၁၄ ခုနှစ်က ကိုယ်အလေးချိန် ၂၅၀ ပေါင်ရှိခဲ့ပြီးပေါင် ၁၂၀ ကျအောင်ရည်ရွယ်ကစားနေသူဖြစ်ပါတယ်။ဘရောက်ဝါရဲ့လုပ်ရပ်တွေကို အထင်ကြီးလေးစားပြီး အားကစားရုံမှာ အတူတကွကစားရင်း သူတို့ဟာ ချစ်သူတွေဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ အတူတကွ ကိုယ်အလေးချိန်လျှော့ချခဲ့ရာမှာ နှစ်ဦးပေါင်းကိုယ်အလေးချိန် ၅၇၈ ပေါင်ကျသွားခဲ့ပြီး အခုအခါ လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)