Healthy Life Ad
International

ရှိရင်းအသက်ထက် ထက်ဝက်ငယ်တယ်ထင်ရအောင် နုပျိုတဲ့တရုတ်မိခင်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၅၀အရွယ် လျူယီလင်ရဲ့ အလှဓာတ်ပုံတွေဟာ အင်တာနက်မှာ ရေပန်းစားသွားပြီး တဲ့နောက် တရုတ်ရဲ့ အကြံ့ခိုင်ဆုံး အနုပျိုဆုံးမိခင်လို့ တင်စားခံနေရပါတယ်။ ဓာတ်ပုံတွေမှာ အရွယ်ရောက်ပြီဖြစ်တဲ့ သူ့ရဲ့သားနဲ့ တွဲဖက်ရိုက်ကူးခဲ့သေးပြီး လူတိုင်းက မောင်နှမလို့သာ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှိရင်းစွဲထက် ထက်ဝက်လောက်ငယ်တယ်ထင်ရအောင် ပြုလုပ်ရတာ လွယ်လွယ်ကူကူတော့ မဟုတ်ကြောင်း လျူက ရှင်းပြပါတယ်။

လျူဟာ တစ်ရက် နှစ်နာရီကြာ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပါတယ်။ ခရီးရှည်ပြေးတာ၊ ရေကူးတာနဲ့ လက်ဝှေ့လေ့ကျင့်ခန်းတောင် ပြုလုပ်လေ့ရှိပါတယ်။ မတူညီတဲ့ လေ့ကျင့်ခန်းတွေ တွဲဖက်ပြုလုပ်ဖို့အရေးကြီး ကြောင်းနဲ့ ဒါမှသာ နှလုံးနဲ့ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်မယ်လို့ဆိုပါတယ်။ အသက် ၃၀ ပြည့်တဲ့အချိန်ကစပြီး လေ့ကျင့်ခန်းတွေ ဂရုတစိုက်ပြုလုပ်ခဲ့ကြောင်း လျူကပြောပြပါတယ်။ လွန်ခဲ့တဲ့နှစ်က မလေးရှားနဲ့ စူမားတြားအကြား ၃၇ မိုင်အကွာ အဝေးရှိ မာလာကာရေလက်ကြားမှာ ရေကူးခဲ့သေးပြီး လာမယ့်စက်တင်ဘာမှာ တောင်ကိုရီးယားနိုင်ငံမှ မိုင်ဝက်ကျော် အကွာအဝေးရှိတဲ့ ဟန်မြစ်မှာ ရေကူးဖို့ စီစဉ်ထားတယ်လို့ လျူက ပြောပြခဲ့ပါတယ်။

(Ref;MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top