Healthy Life Ad
International

အရိုးကင်ဆာဝေဒနာရှင်ဘဝမှ မော်ဒယ်ဖြစ်လာသူ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ နာတာလီယာဟားရစ်စ်ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက ခြေထောက်မှာ ကင်ဆာအကျိတ်ပိုတစ်ခုဖြစ်လာတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေက တိုက်တေနီယမ်ပြားနဲ့ အရိုးအစားထိုးတာ ပြုလုပ်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကင်ဆာပြန်ဖြစ်လာတာကြောင့် နောက်ထပ်တစ်ကြိမ် အရိုးအစားထိုးခဲ့ရပြန်ပါတယ်။

အရိုးအစားထိုးပြုလုပ်ပြီးတိုင်း နာတာလီယာဟာ လမ်းလျှောက်နိုင်အောင် ပြန်လည်လေ့ကျင့်ခဲ့ရပါတယ်။ ပေါင်မှာ ၁၅ လက်မအရွယ် အမာရွတ်ရှိနေပေမယ့် နာတာလီယာဟာ အခုအခါမှာ မော်ဒယ်အလုပ်ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်နေပြီဖြစ်ပြီး မော်ဒယ်လျှောက်လမ်းပေါ်မှာ အဆင်ပြေပြေလမ်းလျှောက်နိုင်နေပြီဖြစ်ပါတယ်။

မကြာခင်က သူပါဝင်တဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ နာတာလီယာဟာ ပေါင်တံပေါ်ကအမာရွတ်ကို ပရိသတ်မြင်သာအောင် ပြသခဲ့ပါတယ်။ ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ လူတွေသိစေချင်လို့ အမာရွတ်ကိုပြသခဲ့တာလို့ သူကပြောပါတယ်။ မော်ဒယ်ဖြစ်ချင်တဲ့အိမ်မက်ကြောင့် ကင်ဆာဝေဒနာရှင်ဘဝကနေ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ခဲ့တာဖြစ်ကြောင်းနဲ့ ဘဝတူကင်ဆာဝေဒနာရှင်တွေအနေနဲ့ အလွယ်တကူလက်မလျှော့ဘဲ အိမ်မက်တွေဖြစ်မြောက်ဖို့ကြိုးစားသင့်ကြောင်း နာတာလီယာက သူ့အဖြစ်နဲ့ဥပမာပြပြီး တိုက်တွန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top