Healthy Life Ad
Life Style

တင်မိုးလွင်၏ ကျန်းမာလှပလူမှုဘဝ

‘အသက်ရှင်နေချိန် ပျော်ပျော်နေပြီး အကောင်းဘက်ကမြင်အောင် ကြည့်တယ်’

– တစ်နေ့တာအတွင်း အသားအရေကို ဘယ်လို ထိန်းသိမ်းဖြစ်ပါသလဲ မမိုး။
မမိုးက ငယ်ငယ်ကတည်းကတော့ အသားအရေကိုထိန်းသိမ်းတယ်။ ဒါပေမဲ့ အခုလို အသက်ကြီးတဲ့အခါကျတော့ ပုံမှန်ထက်ကိုပိုပြီး ထိန်းရတာပေါ့နော်။ အသက်အရွယ်ကြီးရင့်လာတဲ့အပြင် ကိုယ်ရဲ့စိတ်ဖိစီးမှုတွေ၊ တစ်ခါတလေ ကိုယ်စားချင်တာတွေစားပြီးတော့ အာဟာရမဖြစ် တာမျိုးတွေကြောင့်လည်း အသားအရေထိခိုက်တတ်ပါတယ်။ တစ်ခါတလေ ခရီးထွက်ရတာမျိုးတွေ၊ စင်ပေါ်မှာ မီးထိုးခံရတာတွေက အသားအရေကို ပျက်စီးစေတယ်လေ။

– မျက်နှာမှာ အရေးအကြောင်းတွေမဖြစ်အောင်ရော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။
Skin Care ကိုလည်း ကောင်းကောင်းသုံးတယ်။ Herbal လည်းသုံးတယ်။ သစ်ဥသစ်ဖု ဆိုတာထက် မနက်ဆိုရင် ဆန်ဆေးရေနဲ့ မျက်နှာသစ်တာမျိုး၊ တစ်ပတ်တစ်ခါလောက် ထောပတ်သီးတို့ ရှားစောင်းလက်ပပ်တို့နဲ့ ပေါင်းတင်တာမျိုးကိုလည်း သေချာလုပ်တယ်၊။ Skin Care ကတော့ အသက်အရွယ်အရ ပိုကောင်းတာကိုသုံးဖြစ်လာတယ်။ ဈေးနည်းတာကိုမကောင်းဘူးလို့ ပြော တာမဟုတ်ပါဘူး။ ငယ်ငယ်က ဈေးနည်းတာ တွေပဲသုံးခဲ့တာပါ။ အသားအရေထဲကိုဝင်သွားမှာဖြစ်တဲ့အတွက် ပါဝင်တဲ့ပစ္စည်းတွေကိုဖတ်လိုက်တဲ့အခါမှာ ကိုယ့်အသားအရေအတွက် လိုအပ်တာတွေပါဝင်တဲ့ လင်ဇီးမှိုနဲ့လုပ်ထားတဲ့ အရာ၊ သဘာဝပန်းဝတ်မှုံနဲ့လုပ်ထားတဲ့အရာ . . အဲဒါ မျိုးလေးတွေနဲ့ဂရုတစိုက်ထိန်းသိမ်းဖြစ်ပါတယ်။

– ခန္ဓာကိုယ်အလှအပအတွက်ရော ဘယ်လို မျိုးထိန်းသိမ်းဖြစ်ပါသလဲ။
ငယ်ငယ်တုန်းကတော့ Heavy Exercise တွေလုပ်တာပေါ့နော်။ လေ့ကျင့်ခန်းကို အပြင်းအထန်ကိုလုပ်ခဲ့တယ်။ အခုတော့ Happy exercise လောက် ပဲလုပ်တယ်။ ချွေးထွက်မယ်၊ အဓိကက ခါးက အဆီလေးတွေ ကျအောင်ပေါ့။ အဓိကက လက်မောင်းတွေ၊ ပေါင်တွေကမတက်ဘူး။ ခါးနဲ့ဗိုက်ကတက်တာ။ အဲဒီအတွက် အထိုင်နည်းနည်းများပြီဆိုရင် မတ်တပ်ထတယ်၊ ခါးနဲ့ ဗိုက်အတွက် လေ့ကျင့်ခန်းလုပ်တယ်။ တစ်ကိုယ်လုံးအတွက်ကိုယ် လက်လှုပ်ရှားမှုကတော့ သက်လတ်ပိုင်းတစ်ယောက်အနေနဲ့ သေချာတော့ လုပ်ရပါတယ်။

– ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ဖြစ်တာမျိုးရောရှိလား။
မနက်စာဆိုရင်အရွက်ကြော်နဲ့ ထမင်းတစ်ပန်းကန်စားလိုက်တယ်။ မမိုးတို့က ပွဲတွေရှိ ရင်သွားနေရတာဆိုတော့လေ ပွဲမှာကျွေးတဲ့မုန့်တွေ မစားတော့ဘူး။ ခန္ဓာကိုယ်လည်း ထိန်းနိုင်အောင် ကျန်းမာရေးနဲ့လည်း ညီညွတ်အောင်စားတယ်။ ရေလည်း များများသောက်တယ်။– စိတ်ဖိစီးမှုတွေရှိလာရင် ဘယ်လိုဖြေဖျောက် တတ်လဲ။

စိတ်ဖိစီးမှုကတော့ အလုပ်နဲ့ပတ်သက်လို့ အမြဲရှိတတ်ပါတယ်။ ပွဲတစ်ခုလုပ်ပြီဆိုရင် ကိုယ်ရဲ့ မော်ဒယ်တွေအချိန်မီမှ ရောက်ပါ့မလားပေါ့။ ဒါတွေကို ပူနေတာထက်စာရင် Plan A အဆင် မပြေရင်၊ Plan B ၊ Plan C ဆိုပြီး အမြဲ အဆင် သင့်ပြင်ဆင်ထားပါတယ်။ အဲလိုမျိုး Plan တွေအ ဆင်သင့်ရှိနေတဲ့အတွက်စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ တစ်ခုခုမကျေလည်တာရှိရင်၊ အဖုအထစ်ဖြစ်ရင် ခေါင်းထဲက ချက်ချင်းထုတ်လိုက်တယ်။ မကျေလည်တာတွေရှိရင် အဆင်ပြေတဲ့ ဘက်ကိုပြန်တွေးလိုက်တယ်။ နောက်ဆုံးမှာကိုယ် သိလိုက်တာက ကိုယ့်အသက်အရွယ်နဲ့ အတွေ့အကြုံတွေလည်း အများကြီးရလာပြီ။ သင်္ခါရသဘောတရားအရ မနက်ဖန်လား၊ သန်ဘက်ခါလားတောင်မသိနိုင်ဘူး။ အသက်ရှင်နေတဲ့အချိန်မှာ ပျော်ပျော်ပဲနေတယ်။ အကောင်းဘက်ကပဲ မြင်အောင်ကြည့်ပါတယ်၊။

– မမိုး သင်တန်းအတွက်ရောဘာတွေထူးထူး ခြားခြားလုပ်ဖို့ရှိလဲ။
မမိုးရဲ့ Agency ကို မမိုးတို့ငယ်ငယ် ကတက်ခဲ့၊ သင်ခဲ့ရတဲ့ကျောင်းတွေလိုပဲ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာသုံးခုကိုပဲ သေချာသင်ပေးတယ်။ သင်တန်းကို စတက်တာနဲ့ စိတ်ဓာတ်တွေကိုသင်ပေး တယ်၊။ အချင်းချင်းကူညီတတ်အောင်၊ စည်းကမ်းတွေ ရှိအောင်လည်း သေချာလေးသင်ပေးဖြစ်ပါတယ်။– ပရိသတ်အတွက် ကျန်းမာရေးအ ကြံပေးစကားလေး ပြောပြပေးပါဦး။
ကျန်းမာရေးကအဓိကပါပဲ။ မမိုးတို့လည်း ကျန်းမာရေးလေးကောင်းနေလို့ အလုပ်လေးတွေလုပ်နိုင်တာ။ ပရိသတ်တွေလည်း ကျန်းမာရေးကိုဂရုစိုက်ကြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top