Healthy Life Ad
International

အတင်းပြောခြင်းက မိတ်ဆွေများအကြား ပိုမိုရင်းနှီးမှုရစေ

၊ မိုးမင်းထွန်း ၊

ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပစေ အတင်းပြောတတ်တာက ကောင်းတယ်လို့ လေ့ လာမှုအသစ်တစ်ခုက ဆိုပါတယ်။
အတင်းပြောနေစဉ်အတွင်း အချစ်ဟော်မုန်းလို့ခေါ်ကြတဲ့ အောက်စီတိုဇင်ဟော်မုန်းဟာ သာ မန်စကားပြောဆိုတာလိုမဟုတ်ဘဲ ထုတ်လွှတ်မှု တိုးလာလေ့ရှိကြောင်း သိရပါတယ်။

အီတလီ၊ ပါဗီးယားတက္ကသိုလ်မှ သုတေသီ တွေကအမျိုးသမီး ၂၂ယောက်အပေါ် အတင်းပြော တာရဲ့သက်ရောက်ပုံကိုလေ့လာကြည့်ခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့ဦးနှောက်တွေက အတင်းပြော နေစဉ်အတွင်း အောက်စီတိုဇင်ဟော်မုန်းတွေ ပိုမိုထုတ်လွှတ်တာကို သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ အောက်စီတိုဇင်ဟော်မုန်းဟာ ချစ်ခင်ကြင်နာတဲ့ ခံစားမှုဖြစ်တဲ့အခါထုတ်လွှင့်လေ့ရှိပြီး ဥပမာ ဝက်ဝံ ရုပ်ကိုပွေ့ဖက်တဲ့အခါနဲ့ အချစ်တော်ခွေးလေးနဲ့ ကစားတဲ့ အခါမျိုးတွေမှာ ထုတ်လွှတ်တတ်ပါတယ်။ အောက်စီတိုဇင်ဟာ လိင်စိတ်ကြွတဲ့အခါမျိုးမှာလည်း ထုတ်လွှတ်တတ်တာကြောင့် သုတေသီတွေက ပိုမို ရှင်းလင်းအောင် အမျိုးသား၊ အမျိုးသမီးမရောထွေးစေဘဲ အမျိုးသမီးအချင်းချင်းသာ အတင်းပြောခိုင်းကာ စောင့်ကြည့်ခဲ့ခြင်းဖြစ်ပါတယ်။

အတင်းပြောတဲ့အကြောင်းအရာ ဥပမာသနား ကြင်နာတာ၊ ဖိအားများတာ၊ မနာလိုတာစတဲ့ ဘယ် လိုအကြောင်းအရာကွဲပြားပါစေ အောက်စီတိုဇင် မြင့်တက်မှုဟာရှိမြဲရှိတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ အတင်းပြောပြီးတဲ့အခါ အတင်းပြောသူအချင်းချင်း ပိုမိုရင်းနှီးတဲ့ ခံစားမှုရစေကြောင်း ဦးဆောင်သုတေသီ ဒေါက်တာဘရွန်ဒီနိုက ပြောကြားခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top