Healthy Life Ad
Life Style

ဆန့်ကျင်ဘက်လိင်ကို ညှို့ငင်အားပြင်းစေသည့် အရောင်

လရိပ်မေ ၊

အနီရောင်က အခြေခံအားဖြင့် လူတိုင်းဆီမှာ ရှိသင့်တဲ့ အဝတ်အစားအရောင်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဆိုရင် အနီရောင်နှုတ်ခမ်းနီ၊ အနီရောင်ဝတ်စုံ၊ အနီရောင် ရေကူးဝတ်စုံ စတာတွေ ဆင်မြန်းထားချိန်မှာ လူကြားထဲ ထင်ပေါ်ပြီး ဆွဲဆောင်မှုရှိနေတတ်တာကို ငြင်းလို့မရပါဘူး။

လေ့လာမှုတွေအရ ချစ်သူရှာတဲ့ Profile ပုံမှာ အနီရောင်ဝတ်ထားတဲ့ အမျိုးသမီးတွေဟာ လိင်ဆွဲဆောင်မှု ပိုရှိသလို ကမ်းလှမ်းသူ ပိုများတယ်လို့ သိရပါတယ်။
အနီရောင်က အမျိုးသမီးတွေကိုသာ လိင်ဆွဲဆောင်အား ကောင်းစေတာမဟုတ်ပါဘူး။ အမျိုးသားတွေဟာလည်း အနီရောင်ကုတ်အင်္ကျီဝတ်ဆင်ထားတဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ဝင်စား ကြည့်ရှူမှုကို ပိုမိုခံရလေ့ရှိတယ်လို့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

တစ်ခါတစ်ရံ အနီရောင်ဝတ်ထားတဲ့ သူငယ်ချင်းဟာ ကိုယ့်ချစ်သူကိုများ ဆွဲဆောင်သွားလေမလားလို့တောင် တချို့အမျိုးသမီးတွေက စိုးရိမ်ပူပန်မှုဖြစ်ရတယ်လို့လည်း လေ့လာသူတွေက ဆိုထားပါတယ်။

လေ့လာမှုတွေအရ အနီရောင်ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အမျိုးသမီးဓာတ်ပုံတွေက တခြားအရောင်ဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေထက် လူတွေကို ပိုပြီးဆွဲဆောင်နိုင်စွမ်းရှိစေတယ်လို့ သိရပါတယ်။

အနီရောင် ကြိုက်သူတွေဟာ ရဲရင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြတယ်၊ ဆုံးဖြတ်ချက်ကို ခပ်မြန်မြန်ချနိုင်စွမ်းရှိတယ်၊ လူအများကို ကိုယ့်ဖက်ပါလာအောင် ဆွဲဆောင်နိုင်စွမ်းရှိကြတယ် လို့ကိုယ်ရည်ကိုယ်သွေး လေ့လာသူတွေက ဆိုပါတယ်။

အွန်လိုင်းမှာ ချစ်သူတွေ ဖြစ်ကြသူတွေအပြင် မှာ ပထမဆုံး စတင်ချိန်းဆိုတဲ့အခါ စတွေ့တွေ့ချင်း ပိုမို အထင်အမြင်ကောင်းသွားစေဖို့ အနီရောင် ဝတ်သင့်တယ်လို့ လေ့လာသူတွေက အကြံပြုထားပါတယ်။ အကြောင်းကတော့ အနီရောင်ဟာ ဆန့် ကျင်ဘက်လိင်ကို ညှို့ငင်အားပြင်းတဲ့အရောင် ဖြစ်နေလို့ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top