Healthy Life Ad
Health Tips

အလုပ်လုပ်တိုင်း လန်းဆန်းကျန်းမာ သွက်လက်နေအောင်

အလုပ်ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ထားသူတို့ မဖျားမနာဘဲ အလုပ်လုပ်ကိုင်နိုင် စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

– တစ်နှစ်တစ်ကြိမ် အထူးသဖြင့် မိုးရာသီမတိုင် ခင်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။

– လုပ်ငန်းခွင်မှာ နာမကျန်းဖြစ်နေတဲ့ တခြားသူ တွေနဲ့ နီးနီးကပ်ကပ်နေတာကို ရှောင်ရှားပါ။

သင်အအေးမိတာ၊ တုပ်ကွေးကွေးတာနဲ့ချောင်းဆိုးတာတို့ ဖြစ်နေရင်လည်း တခြားသူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့။ချောင်းဆိုးတာနဲ့ နှာချေတာတွေ ဖြစ်တဲ့အခါ သေးငယ်လွန်းတဲ့ပိုးပါတဲ့ အမှုန်အမွှားတွေကလေထဲကို ပျံ့နှံ့ရောက်ရှိတတ်တာကြောင့် ဒီနည်းလမ်းနဲ့ အအေးမိပိုးနဲ့တုပ်ကွေးပိုးတို့ ကူးစက် ပျံ့နှံ့တတ်ပါတယ်။ ဒါကြောင့် နှာချေတဲ့အခါနဲ့ချောင်း ဆိုးတဲ့အခါတွေမှာ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးကို အုပ်ထားပေးပါ။

– လက်ကိုပုံမှန်နဲ့ စနစ်တကျ ဆေးကြောသန့် စင်ပေးပါ။ အစာမစားခင်၊ အစာကို မပြင်ဆင်ခင်၊ အိမ်သာတက်ပြီးချိန်နဲ့ လက်ညစ်ပတ်တယ်ထင်ရ ချိန်တိုင်းမှာ လက်ကို မကြာခဏ ဆေးကြောပေးပါ။

လက်ကို မကြာခဏ ဆေးကြောတာက ရောဂါပိုးတွေကို ကာကွယ်တွန်းလှန်နိုင်တဲ့ ထိရောက်မှု အရှိဆုံးနည်းဖြစ်ပေမယ့် လူအများစု လျစ်လျူရှုမိတတ်တဲ့ နည်းလမ်းလည်း ဖြစ်နေပါတယ်။ ပိုးမွှား တွေသေစေဖို့ လက်တွေကို ဆပ်ပြာနဲ့ ရေသုံးပြီး မကြာခဏ ဆေးကြောပေးသင့်ပါတယ်။ လက်ကို တစ်ကြိမ်ဆေးကြောတိုင်း အနည်းဆုံး ၁၅ စက္ကန့် ကြာဆေးပေးပါ။ ရေမလိုတဲ့ လက်ဆေးဆပ်ပြာဂျဲလ်ကို ဆောင်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top