Healthy Life Ad
Q & A

ဘီပိုးက ထမင်းအတူစားရုံနဲ့ကူးသလား . . .

မေး. ဘီပိုးက ထမင်းတူတူစားတာတို့၊ ရေတစ်အိုးတည်းသောက်တာတို့၊ ချွေးတို့ကနေ ကူးနိုင်ပါသလားရှင့်။
TT (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ကူးနိုင်ခြေနည်းပေမယ့် ပိုးရှိသူဆီကထွက်တဲ့ အရည်မှန်သမျှမှာ ရောဂါပိုးပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် ဟင်းရည်ဟင်းကို တစ်ယောက်တစ်ဇွန်းသောက်တာမျိုးက ပိုကောင်းပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ အပြင်မှာတော့ ခဏပဲရှင်သန်နိုင်တာကြောင့် သာမန်အရေပြားနဲ့ ချွေးထိတွေ့ရုံလောက်နဲ့ ကူးစက်ခံရဖို့က မဖြစ်နိုင်သလောက်ပါပဲ။ စိတ်ချရအောင် ဘီပိုးကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top