Healthy Life Ad
Q & A

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း သိမှတ်ဖွယ်ရာ

—၊ ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. အသည်းရောင်အသားဝါဘီပိုးရဲ ့ ရောဂါလက္ခဏာတွေက ဘာတွေရှိပါသလဲ ဆရာ။

A. ဘီပိုးရှိပြီ၊ ရောဂါလက္ခဏာပေါ်ပြီဆိုရင် Too late နောက်ကျသွားပြီ။ ၆ လ-တစ်နှစ်ပဲ နေရတော့မယ်။ ဘီပိုးရှိသူက ဘာရောဂါလက္ခဏာမှ မပြဘဲ ၁၅ နှစ်-နှစ် ၂၀ လောက် နေနေတာ၊ အဲဒီအချိန်မှာ ကုရမှာပါ။ ခြေထောက်ရောင်ပြီ၊ မျက်လုံးဝါပြီ၊ အသည်းထဲမှာ ၆ စင်တီမီတာ အကျိတ်ကြီးပေါ်ပြီဆိုရင် နောက်ကျသွားပြီ။ အဲဒီလိုနောက်မကျခင် ဘာရောဂါလက္ခဏာမှ မပေါ်ခင်မှာ ကုရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘီပိုးရှိသူတွေက ကိုယ့်မှာ ဘာရောဂါလက္ခဏာမှ မပြတော့ ဒီလိုပဲ သွားလာလှုပ်ရှားပြီး နေနေကြတာ. . အဲဒီလိုနေတဲ့အတွက် မနှစ်က ကမ္ဘာ့အသည်းရောင်အသားဝါနေ့ရဲ့ ဆောင်ပုဒ်က “Find the missing million” လူထုထဲမှာ ပျောက်ကွယ်တိမ်မြုပ်နေတဲ့ ရောဂါသည်တွေကို ရှာထုတ်လိုက်စမ်းပါ၊ သွေးတွေစစ်လိုက်စမ်းပါလို့ ပြောတာပါ။

“နောက်မကျခင် ဘာရောဂါလက္ခဏာမှ မပေါ်ခင်မှာ ကုရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘီပိုးရှိသူတွေက ကိုယ့်မှာ ဘာရောဂါလက္ခဏာမှမပြတော့ ဒီလိုပဲ သွားလာလှုပ်ရှားပြီး နေနေကြတာ. .အဲဒီလိုနေတဲ့အတွက် မနှစ်က ကမ္ဘာ့အသည်းရောင်အသားဝါနေ့ရဲ ့ ဆောင်ပုဒ်က “Find the missing million” လူထုထဲမှာ ပျောက်ကွယ်တိမ်မြုပ်နေတဲ့ ရောဂါသည်တွေကို ရှာထုတ်လိုက်စမ်းပါ၊ သွေးတွေစစ်လိုက်စမ်းပါလို့ ပြောတာပါ” . . .

Q. ဘီပိုးကာကွယ်ဆေးကို ဘယ်အရွယ်ကစပြီး ထိုးလို့ရပါသလဲ ဆရာ။

A. အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို မွေးပြီး ၂၄ နာရီကတည်းက စထိုးရတာပါ။ မြန်မာနိုင်ငံမှာ ဘီပိုးကာကွယ်ဆေးကို မွေးပြီး ၂၄ နာရီအတွင်းထိုးဖို့က ရာနှုန်းပြည့်မအောင်မြင်ဘူး ဖြစ်နေတယ်။ မွေးပြီး ၂၄ နာရီအတွင်းထိုးမှ မိခင်ကနေ ကလေးကို ဘီပိုးမကူးမှာလေ။ မွေးပြီး ၂၄ နာရီအတွင်းထိုး၊ တစ်လပြည့်တော့ တစ်ခါထိုး၊ ကလေးအသက် ၃ လပြည့်တော့တစ်ခါထိုး. .အဲဒီလို ထိုးရမှာ။ မွေးမွေးချင်း အမြန်ဆုံးထိုးပါလို့ ပြောချင်ပါတယ်။

Q. ဘီပိုးရဲ ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေရှိပါသလဲ ဆရာ။

A. အသည်းရောင်အသားဝါ ဘီပိုးက တဖြည်းဖြည်း ကိုယ့်အသည်းကို လှိုက်စားနေတာ။ တဖြည်းဖြည်းနဲ့ အသည်းခြောက်မယ်၊ အသည်းမှာ ဗြုက်ထဖြစ်မယ်၊ တစ်ချိန်ချိန်ကျတော့ ဗြုက်က ကင်ဆာထဖြစ်မယ်။ အဓိက အသည်းခြောက်/ အသည်းကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘီပိုးရှိရင် စောစောစီးစီး ကုသမှုခံယူကြပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top