Healthy Life Ad
Health Tips

အချို့ဟင်းသီးဟင်းရွက်များအကြောင်း သတိပြုစရာအချက်များ

၊ ငွေကြယ်စင်ယံ ၊
ငရုတ်သီးမှာ မှည့်နေတဲ့ အသီးဟာ အာဟာရတန်ဖိုးအမြင့်မားဆုံးဖြစ်ပါတယ်။ အနီရောင် ငရုတ်သီးမှာ အစိမ်းရောင် ငရုတ်သီးမှာထက် ဗီတာမင်အေ ၁၀ဆနဲ့ ဗီတာမင်စီ နှစ်ဆပိုမိုပါဝင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ သခွားသီးတွေက ပန်းသီးနားမှာ ကပ်ပြီး သိမ်းထားရင် မြန်မြန်ပျက်စီးလွယ်ပါတယ်။ ပန်းသီးကနေထွက်တဲ့ အီသိုင်လင်းဓာတ်ငွေ့ကြောင့် ဖြစ်ရတာပါ။ အာလူးကိုလည်း ပန်းသီးနဲ့ အတူတူမထားသင့်ပါ။ အီသိုင်လင်းဓာတ်ငွေ့ဟာ အာလူးကို အညှောက်ပေါက်စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တိုင်းကို ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။ ခရမ်းချဉ်သီးဟာ အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်အောက်မှာထားရင် အရသာပျက်နိုင်ပါတယ်။ ခရမ်းသီးကို အပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက်အောက်မှာထားရင် ပျော့အိသွားတတ်ပါတယ်။

သခွားသီးက ရေပါဝင်မှုများတာကြောင့် အေးမြမှုရှိပါတယ်။ ဒါကြောင့် သခွားသီးကို အပင်ကနေ ခူးပြီး ဒါမှမဟုတ် ဝယ်ပြီးတာနဲ့ ရေခဲသေတ္တာထဲ ထည့်ထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top