Healthy Life Ad
International

ကလေးငယ်ကို အိပ်ခန်းထဲတွင် တီဗီကြည့်ခွင့်ပြုခြင်းက ဝစေနိုင်

၊ ZKO ၊

ကလေးများကို အိပ်ခန်းထဲတွင် တီဗီကြည့်ခွင့်ပြုခြင်းက ကလေးများကို ဝလာစေနိုင်ကြောင်း လေ့လာမှုအသစ်က ဆိုသည်။ အိပ်ခန်းထဲတွင် တီဗီထားရှိခြင်းက အဝေးထိန်းခလုတ်များဖြင့်သာ ညဘက်တွင်အချိန်ကုန်ပြီး စာအုပ်ဖတ်ရှုလေ့လာရာတွင် အချိန်ပေးနည်းပါးကြောင်း လေ့လာသူတို့က သတိပေးထားသည်။

“ကလေးရဲ့အိပ်ခန်းထဲမှာ တီဗီထားရှိတာက မိဘတွေအနေနဲ့ ထိန်းချုပ်နိုင်ဖို့ခက်ခဲစေပါတယ်။ ကလေးတွေကလည်း ပညာရပ်ဆိုင်ရာ ရှိုးပွဲတွေကြည့်တာမျိုးကိုလည်း လုပ်လေ့မရှိကြပါဘူး။ အိပ်စက်ချိန်နည်းပြီး တခြားလှုပ်ရှားရတဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်မှုနည်းပါတယ်”ဟု ပညာရှင်တို့က သုံးသပ်ထားသည်။ လတ်တလောလေ့လာမှုအရ အိပ်ရာဝင်ချိန်ကို ထိန်းချုပ်ပေးပြီး တီဗီကြည့်ချိန် ကန့်သတ်ခံရသော ကလေးများသည် အဝလွန်နိုင်ခြေ လျော့နည်းမှုရှိကြောင်း တွေ့ရှိထားသည်။ ပုံမှန်အိပ်ရာဝင်ချိန်၊ အစာစားချိန်ရှိပြီး တီဗီကြည့်ချိန်ကို စည်းကမ်းနှင့် ထိန်းချုပ်ခံထားရသော အသက်သုံးနှစ်အရွယ်ကလေးများသည် မိဘတို့ အုပ်ထိန်းရလွယ်ကူကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top