Healthy Life Ad
Health Tips

သွားဖုံးရောင်ပြီး နီမြန်းနေသလား

ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးဒဏ်ခံစားရတဲ့အခါ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်နေတဲ့အခါ ဒါမှမဟုတ် ခံတွင်းသန့်ရှင်းရေးမကောင်းတဲ့အခါ သွားဖုံးတွေ ရောင်ရမ်းကာနီမြန်းပြီး တင်းမာနေတတ်ပါတယ်။ သွားဖုံးနီမြန်းရောင်ရမ်းမှုတွေဖြစ်ရင် သက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

– သွားဖုံးကို စပ်ဖျဉ်းဖျဉ်းဖြစ်စေမယ့် ဆေးရွက်ကြီး၊ ခံတွင်းသန့်ဆေးရည်နဲ့ အယ်လ်ကိုဟောတို့လိုအရာတွေနဲ့ မထိတွေ့သင့်ပါဘူး။

– အာဟာရမျှတတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။

– သွားဖုံးက သင်တိုက်နေကျ သွားတိုက်ဆေးနဲ့မတည့်ဘဲ စပ်ဖျဉ်းဖျဉ်းဖြစ်နေရင် တခြားသွားတိုက်ဆေးကို ပြောင်းသုံးဖို့လိုပါတယ်။

– ခြောက်လကြာတိုင်း သွားနဲ့ခံတွင်း ကျန်းမာရေးကိုထိန်းသိမ်းဖို့ သွားနဲ့ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

– သင့်သွားဖုံးရောင်တာက သင်သောက်နေကြဆေးဝါးကြောင့် ဖြစ်ရတယ်ဆိုရင် ဆေးဝါးကိုပြောင်းလဲပေးဖို့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲ မိမိသဘောနဲ့ ဆေးကိုမပြောင်းလိုက်ပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top