Healthy Life Ad
Q & A

သွားဖုံးနိမ့်ကျခြင်း

မေး။ ။ ကျွန်တော်က သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ပါတယ်။ အသက်ကြီးရင် သွားဖုံးနိမ့်ကျမယ်လို့ သိရှိ ရပါတယ်။ အဲဒီလို သွားဖုံးနိမ့်ကျခဲ့ရင် ဘယ်လို ဝေဒနာတွေခံစားရတတ်ပါသလဲ။ ဆောင်ရန်၊ ရှောင်ရန်တွေ သိပါရစေ၊ ကြိုတင်ကာကွယ်လို့ ရပါလား။

ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။သွားတွေရှိတယ်၊ သွားဖုံးရောဂါမရှိဘူး၊ သွားဖုံးရောင်တာတွေ မဖြစ်ဘူးဆိုရင် သွားဖုံးက နိမ့်ကျမှာ မဟုတ်ပါဘူး။ သွားတွေ နုတ်လိုက်ရတယ်၊ သွားမရှိတော့ဘူးဆိုရင် သွားဖုံးရိုးက နိမ့်နိမ့်သွားတယ်၊ သွား ရှိနေတယ်ဆိုရင် သွားဖုံးရိုးက နိမ့်သွားမှာ မဟုတ်ပါဘူး။ သွားကိုနုတ်လိုက်ပြီးပြီဆိုရင်တော့ သွားဖုံးရိုးက နိမ့်သွားတတ်တယ်။ သွားရှိပြီး သွားဖုံးနိမ့်ကျတယ်ဆိုတာက သွားဖုံးရောင်ရောဂါကို ကြိုတင်ကာကွယ်မှု မပြုတာရယ်၊ ဖိဖိစီးစီးမကုလို့ရယ် အဲဒါတွေကြောင့် ဖြစ်တတ်ပါတယ်။ ဖြစ်လျှင်ဖြစ်ချင်းမှာ ကုလိုက်ရင် အခြေအနေမဆိုးပါဘူး။

သွားဖုံးရောင်ရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်တာတော့ အကောင်းဆုံးပါပဲ။ သွားဖုံးရောင် ရောဂါမဖြစ်အောင် သွားဆရာဝန်နဲ့ အမြဲတမ်း ပြသပြီး သွားမှာ ဂျိုးတွေ၊ ကျောက်တွေမရှိအောင် သန့် ရှင်းရေးလုပ်ပေးရပါမယ်။ သွားတိုက်နည်း မှန်မှန် လိုက်နာမယ်ဆိုရင် သွားဖုံးရောဂါကင်းစင်ပြီး သွားဖုံး နိမ့်ကျတာတွေ မဖြစ်နိုင်ပါဘူး။ အသက်ကြီးတိုင်း သွားဖုံးနိမ့်ကျတာတော့ မဟုတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top