Healthy Life Ad
Q & A

ဘီပိုးရှိသူ ခင်ပွန်းနဲ့ အတူနေရင် . .

မေး။ ။ ကျွန်မအမျိုးသားမှာဘီပိုးရှိနေပါတယ်။ ကျွန်မမှာတော့ မရှိပါဘူး။ ကာကွယ်ဆေးလည်း ထိုးထားပါ တယ်။ အခုကိုယ်ဝန်ရှိပါတယ်။ ကိုယ်ဝန်ရှိတဲ့အချိန် အမျိုးသားနဲ့ဆက်ဆံရင် အကာအကွယ်မသုံးဘဲ နေပါက ကလေးဆီကိုကူးနိုင်ပါသလား။ ကျွန်မဆီကိုကော ကူးသွားနိုင်ပါသလား။
ရဲရဲ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်ဖြေကြားသည်။

ဖြေ။ ။ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကာကွယ်ဆေးထိုးထားပြီးရင် ကာကွယ်နိုင်စွမ်းအင်တီဘော်ဒီ ပမာ ဏကိုသွေးဖောက်စစ်ဆေးသင့်ပါတယ်။ ကာကွယ်နိုင်စွမ်းရှိရင် စိုးရိမ်စရာမလိုပါ။ အကယ်၍ မိခင်မှာ ပိုးရှိတဲ့တိုင် မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ဆေးတွေပေးရင် ကလေးကိုမကူးစက်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ကို ကျန်းမာရေးဌာနမှာပြသပြီး ညွှန်ကြားတဲ့အတိုင်းလိုက်နာဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top