Healthy Life Ad
Child

ကလေးကိုဖြည့်စွက်စာကျွေးချိန်တွင် သတိထားသင့်သော လက်ချောင်းအရွယ် အစားအစာများ

၊ ငွေကြယ်စင်ယံ ၊

ကလေးအသက် ခြောက်လကျော်လို့ ဖြည့်စွက်စာကျွေးချိန်နဲ့ နောက်ပိုင်းကာလတစ်လျှောက်လုံးမှာ ကလေးအစာစားပြီဆိုတာနဲ့ ဘေးကနေထိုင်ကြည့်နေဖို့ လိုအပ်ပါတယ်။ ကလေးတွေအစာစားတာကြောင့် ဆို့နင့်မှုအဖြစ်များလို့ပါ။ ကလေးငယ်ကို ဆို့နင့်မှုဖြစ်စေနိုင်တဲ့ လက်ချောင်းအရွယ်အစာတွေကို ရှောင်ရှားနိုင်ဖို့ရေး သားလိုက်ပါတယ်။

မာတဲ့သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်အစိမ်း(ချက်ပြုတ်ပြီး နူးညံ့တဲ့ ဟင်းသီးဟင်း ရွက်တွေကိုကျွေးပါ၊ သစ်သီးတွေကိုကြိတ်ချေပြီးဖျော်ရည်ဖျော်ကာတိုက်ပါ။)

စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ဆီး(ဇီး)သီး (အလုံးလိုက်ကျွေးတာကို ရှောင်ပါ။ ကလေးတွေကို ကြိတ်ချေပြီး၊ ပါးပါးလှီးပြီး၊ အရည်ဖျော်ပြီး ကျွေးနိုင်ပါတယ်)

စပျစ်သီးခြောက်နဲ့ တခြားသစ်သီးခြောက်တွေ

မြေပဲ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေ

ချောကလက်အလုံးတွေ

ဟော့ဒေါ့မုန့်၊ ဝက်အူချောင်း၊ ကြက် အူချောင်း

အာခေါင်ကို ကပ်နိုင်တဲ့ ပေါင်မုန့်

အသားတုံး၊ ဒိန်ခဲတုံး

သကြားလုံး(မာကြောတဲ့ ချိုချဉ်၊ ဂျယ်လီ၊ ပီကေ)

အာလူးချောင်း၊ ပြောင်းဖူးပေါက်ပေါက်နဲ့ သရေစာ

ကလေးတွေက သကြားလုံး၊ ကိတ်မုန့်နဲ့ တခြားချိုတဲ့မုန့်တွေကို ကြိုက်တာကြောင့် တစ်ကြိမ်စားပြီးတာနဲ့ ပူဆာတတ်ပါတယ်။ ဒီအစာတွေက ကလေးငယ်ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ကလေးငယ်ကို ဒီလိုအချိုကဲတဲ့ မုန့်တွေမကျွေးသင့်ပါ။ ဒီမုန့်တွေအစား အာဟာရပြည့်ဝတဲ့ အစား အစာတွေကိုပဲ ကျွေးသင့်ပါတယ်။ အဘိုးအဘွားတွေက မြေးတွေကို အလိုလိုက်တာကြောင့် ဖြည့်စွက်စာကျွေးချိန်မှာ သကြားလုံးတွေနဲ့ မုန့်အချိုတွေ ကျွေးတတ်ကြပါတယ်။ ကလေးက ဒီအစာတွေအတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ယဉ်ယဉ်ကျေးကျေး ရှင်းပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top