Healthy Life Ad
Health Tips

အသားအရေအတွက် နနွင်းမှုန့် အစွမ်း

၊ လရိပ်မေ ၊

နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူးတွေရှိတဲ့အပြင် အသားအရေပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။

– နေလောင်ဒဏ် သက်သာစေခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြားအရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။

– ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယား ပိုးတွေကို ကင်းစင်စေပြီး ဝက်ခြံပျောက်စေပါတယ်။

– အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေခြင်း
နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါတာကြောင့် အိုမင်းတဲ့ဖြစ်စဉ်ကို နှေးကွေး စေပါတယ်။

– အသားအရေ ဝင်းပစေခြင်း
နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင်တောက်ပစေပါ တယ်။ မျက်နှာအသားအရေကိုလည်း အဖု အပိမ့်ကင်းကာ ဝင်းပစေပါတယ်။

– အရေပြားပြဿနာများကို သက်သာစေခြင်း
နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်း ယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာ စေတဲ့အစွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ် တဲ့ အကြောပြတ်ရာတွေကိုလည်း မှိန်ဖျော့သွား စေပါတယ်။

နနွင်းမှုန့် အသုံးပြုနည်း
– နနွင်းမှုန့်ကို စားမည်ဆိုလျှင် – နနွင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်းကို ရေနွေးပူပူထဲထည့်မွှေကာ စားပေးပါ။ နေ့စဉ်မှန်မှန် စားပေးပါက အသားအရေက တဖြည်းဖြည်း ပိုမိုလှပလာပါလိမ့်မယ်။

– နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် – နနွင်းမှုန့်ကို ပျားရည်နဲ့ စေးပျစ်တဲ့အနှစ်ရတဲ့အထိမွှေပြီး အရေ ပြားပေါ်လိမ်းပေးပါ။ အချိန် ၁၀ မိနစ်အကြာမှ ရေနဲ့ဆေးချရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top