Healthy Life Ad
International

ဖောက်ပြန်သည့် ခင်ပွန်းနှင့်သူ့အဖော်တို့က ဖက်တီးဟုအခေါ်ခံရပြီးနောက် ပေါင် ၁၀ဝ ဝိတ်ချနိုင်ခဲ့သည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်မှ အသက် ၃၄ နှစ် အရွယ် ဘက်စီအယာလာက ၂၀၁၃ခုနှစ်က သမီးငယ်အစ္စဘယ်လာ ကိုမွေးဖွားပြီးချိန်မှာ ကိုယ်အလေးချိန် ၂၆၂ပေါင်ရှိခဲ့ပါတယ်။ ခြောက်လအကြာမှာ သူ့ရဲ့ယောကျာ်းဟာ ဖောက်ပြန်နေခဲ့ပြီး ယောကျာ်းနဲ့ အမျိုးသမီးအဖော်တို့က ကွယ်ရာမှာ သူ့ကို ဖက်တီးမလို့ ခေါ်ဝေါ်နေ တာကိုကြားသိခဲ့ပါတယ်။

ယောကျာ်းနဲ့ကွာရှင်းခဲ့ပြီး အရှုံးမပေးတတ်တဲ့ ဘက်စီက ကိုယ်ကာယလေ့ကျင့်ခန်းတွေယူတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်တွေ စားသောက်တာကနေ ကိုယ်အလေးချိန်ပေါင် ၁၀ဝ ကျော် လျှော့ချနိုင်ခဲ့ကာ အခုအခါမှာ ပေါင် ၁၅၉ပေါင် အလေးချိန်သာရှိတော့တယ်လို့ သိရပါတယ်။

ငယ်ရည်းစားဖြစ်သူခင်ပွန်းနဲ့ ပြတ်စဲခဲ့တဲ့အပြင် ကလေးမွေး ဖွားပြီးစ စိတ်ဓာတ်ကျဝေဒနာနဲ့ ပူပန်သောကစိတ်တို့နဲ့ အတော်ရုန်း ကန်ခဲ့ရပါတယ်။ ဘက်စီဟာ အသက် ၁၃နှစ်ကတည်းက အဝလွန်နေပြီး ခန္ဓာကိုယ်အလေးချိန်နဲ့ ပတ်သက်တိုင်း အမြဲတမ်း စိတ်ဆင်းရဲ ခဲ့ရပါတယ်။ ကောလိပ်ကျောင်းသူဘဝမှာ ပေါင်၂၁၀အလေးချိန်ရှိခဲ့ပြီး ကလေးမွေးပြီးချိန်မှာ အဝဆုံးအဖြစ် ပေါင် ၂၆၂ အလေးချိန်ရှိခဲ့ပါတယ်။ ခင်ပွန်းဟောင်းနဲ့ သူ့အဖော်တို့ရဲ့ နောက်ကွယ်မှာ နှိမ့်ချခေါ် ဝေါ်မှုက သူ့ဘဝကိုပြောင်းလဲစေခဲ့ကြောင်းနဲ့ ဒါအတွက်တော့ ကျေးဇူးတင်ကြောင်း ဘက်စီကပြောပြပါတယ်။ သမီးလေးအတွက် စံပြမိခင် ဖြစ်အောင် အရာရာကြိုးစားခဲ့ကြောင်း ဘက်စီကဆိုပါတယ်။

ဘက်စီက တစ်ပတ်ကို ၆ ကြိမ် အားကစားလေ့ကျင့်လေ့ရှိပြီး ပရိုတင်းပြည့်ဝတဲ့ အစားအသောက်တွေကိုသာ စားသုံးခဲ့တယ်လို့သိရ ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ဘဝကတစ်ဆင့် သင်ယူရင်း ပြင်ပပုံစံ အပြင် အတွင်းစိတ်ပါကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့ ကြောင်း ဘက်စီက ရှင်းပြခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top