Healthy Life Ad
International

ကမ္ဘာတစ်ဝန်းက ဆေးပညာသတင်းများ

– လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင်ယူလေ့လာမှုကို ကောင်းမွန်စေနိုင်
သင်ခန်းစာအသစ်တွေကို လေ့လာပြီးနောက် အချိန်အနည်းငယ် လေ့ကျင့်ခန်းလုပ်ပေးရင် ဦး နှောက်ကိုအားကောင်းစေတယ်လို့ ဒတ်ချ်လေ့လာမှုအသစ်အရသိရပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ကနေကက်တီကောအေမင်းထွက်ရှိလာပြီး အဲဒီဒြပ်ပေါင်းက မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။

– ဆပ်ပြာနဲ့ ရေသုံးပြီး လက်ဆေးဖို့သာ အဓိက
ဘက်တီးရီးယားဟန့်တားတဲ့ ဆပ်ပြာတွေနဲ့ လက်ဆေးဆပ်ပြာတွေကို လေ့လာကြည့်ခဲ့တဲ့အခါ ရိုးရိုးလက်ဆေးဆပ်ပြာနဲ့ရေသုံးပြီး ဆေးကြောတာ လောက်ဘယ်အရာကမှ ထိရောက်မှုမရှိဘူးလို့ လေ့လာမှုအရသိရပါတယ်။ လက်တွေကို ရိုးရိုးဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောရင် ဖျားနာတာနဲ့ ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

– နှလုံးရောဂါအမောဖောက်ခြင်းဖြစ်နှုန်း တစ်ဝက်နီးပါးက အသံတိတ်ဖြစ်နေ
နှလုံးရောဂါအမောဖောက်ခြင်း (Heart Attack) က အမြဲတမ်း လက္ခဏာမပြပါဘူး။ အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ လေ့လာမှုအရ နှလုံးရောဂါအမောဖောက်သူ ၄၅ ရာခိုင်နှုန်းခန့်က သတိမပြုမိတတ်ဘူးလို့ သိရပါတယ်။ လူနာတွေက ကျန်းမာရေးစစ်ဆေးရင်း အမှတ်တမဲ့သိတတ်ပါတယ်။ အသံတိတ် နှလုံးရောဂါအမောဖောက်ရင်း အသက်အန္တရာယ်ထိခိုက်တတ်ပါတယ်။ သွေးတိုးရောဂါကို ထိန်းချုပ်ပြီး ဘဝနေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းသင့်ပါတယ်။

– စိတ်ကျလူနာတို့၏ မိသားစုဝင်များကိုလည်း စိတ်ခွန်အားပေးရန် လိုအပ်
စိတ်ဓာတ်အကြီးအကျယ်ကျတေဲ့ လူနာရဲ့ ဆွေမျိုးရင်းချာတွေဟာလည်း စိတ်ဓာတ်ကျနေတတ်တယ်လို့ နော်ဝေစစ်တမ်းတစ်ခုကဆိုပါတယ်။ အကြောင်းကတော့ သူတို့ချစ်တဲ့သူဟာ စိတ်ကျရောဂါကြောင့် သူ့ကိုယ်သူ သတ်သေသွားမလားဆိုတဲ့ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေကြောင့်ဖြစ်ရတယ် လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top