Healthy Life Ad
International

.ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်ဝန်ဆိပ်တက်ရောဂါဖြစ်ခဲ့သူ အမျိုးသမီးများကသူငယ်ပြန်ရောဂါဖြစ်နိုင်ခြေ သုံးဆခွဲ ပိုမြင့်မား

ကိုထက်

ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်ဝန်ဆိပ်တက်ရောဂါဖြစ်သူ အမျိုးသမီးတွေက အသက်ကြီးချိန်မှာ သူငယ်ပြန်ရောဂါဖြစ်နိုင်ခြေ သုံးဆခွဲပိုမြင့်မားတယ်လို့ လေ့လာမှုအရ သိရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တာက အမျိုးသမီးရဲ့ဦးနှောက်ဆီ သွေးစီးဆင်းမှု လျော့ကျ တာကြောင့်ဖြစ်ရတယ်လို့သိရပါတယ်။ ပုံမမှန်သွေးတိုးရာကဖြစ်တဲ့ သွေးကြောကျဉ်းရောဂါကြောင့် ကိုယ် ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်ခြေ မြင့်မားတယ်လို့လည်း လေ့လာသူတွေက ယုံကြည်ထားကြပါတယ်။
တီဗီစတားကင်မ်ကာဒါရှိန်းဟာ ၂၀၁၂-၂၀၁၃ ခုနှစ် က အကြီးဆုံးသမီးကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ် တက်တာကို ခံစားခဲ့ရပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့အခါ ကလေးအသေမွေးခြင်းကိုဖြစ်စေနိုင်တဲ့အတွက် ကင်မ်ကခြောက်ပတ်စောပြီး ကလေးမွေးခဲ့ရပါတယ်။
ဒီလေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆိပ်တက် ဝေဒနာခံစားခဲ့ရဖူးတဲ့ အမျိုးသမီးတွေက သွေးဖိအားထိန်းဖို့နဲ့ သွေးတွင်းကိုလက်စထရောအဆင့် လျှော့ချဖို့ စောစောကတည်းက အသိရှိသင့်တယ်လို့ သိရပါတယ်။
ကိုယ်ဝန်ဆိပ်တက်တာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မမွေးရသေးတဲ့ ကလေးတွေအတွက် အကြီးမားဆုံးအန္တရာယ်တစ်ခုဖြစ်ပြီး ကလေးအသေမွေးနိုင်တ ဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အချင်း ကတစ်ဆင့် သွေးစီးဆင်းမှုလျော့ကျတာကြောင့် ဖြစ်ရပြီး ကလေးဆီသို့ အောက်ဆီဂျင်နဲ့အာဟာရဓာတ် ရောက်ရှိမှု လျော့ကျရာက ဖြစ်တတ်ပါတယ်။ ဒါကနှစ်စဉ် အင်္ဂလန်နဲ့ ဝေလနယ်မှာရှိတဲ့ အမျိုးသမီး နှစ်သောင်းခွဲကို ထိခိုက်စေတဲ့ အကြောင်းရင်းလည်း ဖြစ်နေပါတယ်။
ကိုယ်ဝန်ဆိပ်တက်ရောဂါခံစားခဲ့ရဖူးတဲ့ တခြားနာမည်ကျော်တွေက ဘီရွန်စေး၊ အဆိုတော် မာရီ ယာကာရေးစသည်တို့ဖြစ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top