Healthy Life Ad
Health Tips

ဒေါသကြီးခြင်းကြောင့် ဖြစ်တတ်သောအန္တရာယ်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဒေါသကြီးတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ထွက်လာတဲ့ဒေါသကို မျိုသိပ်ချိုးနှိမ်ထားတာကလည်း ကျန်းမာရေးအတွက် မကောင်းပြန်ပါဘူး။ ဒေါသမထွက်အောင် မထိန်းချုပ်နိုင်လို့ ဒေါသထွက်လာပြီဆိုရင် ပြေလျော့သွားအောင် သင့်တော်တဲ့ နည်းတစ်ခုခုသုံးပြီး ထွက်ပေါက်ရှာလိုက်ဖို့လိုပါတယ်။ မဟုတ်ရင် အောက်ပါ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်နိုင်လို့ပါ။

(၁) စိတ်ကျန်းမာရေး ထိခိုက်ခြင်း

လေ့လာမှုအရ ဒေါသထွက်နေတာကို ချိုးနှိမ်ထားတာက ပြင်းပြင်းထန်ထန် အရိုက်ခံရတာထက် ကျန်းမာရေးကို ပိုဆိုးစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒေါသထွက်စရာ တစ်ခုခုကြုံကြိုက်လာရင် ဒေါသကို ချိုးနှိမ်ထားမယ့်အစား သူငယ်ချင်းတစ်ဦးဦးကို ရင်ဖွင့်ပြောဆိုလိုက်ပါ ဒါမှမဟုတ် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နဲ့တွေ့ဆုံလိုက်ပါ။

(၂) နှလုံးရောဂါထနိုင်ခြေ မြင့်မားခြင်း

ဒေါသအကြီးအကျယ်ထွက်တဲ့အခါ သွေးလွှတ်ကြောထဲမှာ ကယ်လ်စီယမ် စုပုံနိုင်ခြေက သိသိသာသာ မြင့်မားလာပါတယ်။ ဒါက နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နိုင်တဲ့ အခြေခံအကြောင်းရင်းတစ်ရပ်ပါ။

(၃) နာတာရှည်ရောဂါဝေဒနာများ ဖြစ်နိုင်ခြင်း

သွေးတိုးရောဂါ၊ နှလုံးရောဂါတို့လို ရောဂါဝေဒနာ ၈၅ ရာခိုင်နှုန်းခန့်ဟာ ဒေါသကြီးတာလို စိတ်ခံစားမှုဆိုင်ရာ အခြေအနေတွေနဲ့ အပြင်းအထန်ဆက်နွှယ်မှုရှိတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။

(၄) ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေခြင်း

ဒေါသထွက်တဲ့အခါ ခန္ဓာကိုယ်ဟာ အဲဒီဒေါသကိုတုန့်ပြန်နိုင်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီဖြစ်စဉ်ကိုရပ်တန့်ဖို့ ဦးနှောက်ရဲ့ တချို့အစိတ်အပိုင်းတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး ဓာတုဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်ပါတယ်။ ဒီနည်းကြောင့် ကိုယ်ခံစွမ်းအားစနစ် အားနည်းရတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top