Healthy Life Ad
International

တောင်ကိုရီးယားအမျိုးသမီးများ ကမ္ဘာ့အသက်အရှည်ဆုံးဖြစ်လာတော့မည်

၊ မိုးမင်းထွန်း ၊

၂၀၃၀ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူ့သက်တမ်း စံချိန်တင်မြင့်တက်လာတော့မယ်လို့ ခန့် မှန်းထားကြပါတယ်။
အင်ပီရီရယ်ကောလိပ်လန်ဒန်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိပ္ပံပညာရှင်တွေက သင်္ချာမော်ဒယ် ၂၁ မျိုးကိုအသုံးပြုတွက်ချက်ခဲ့ရာမှာ အမေရိကန်အမျိုးသားတွေက ၂၀၁၀မှာ ပျမ်းမျှသက်တမ်း ၈၁ နှစ်ကနေ ၂၀၃၀မှာ ၈၃ နှစ်အထိ၊ အမျိုးသမီးတွေက ၇၆ ဒသမ ၅ နှစ်ရှိရာကနေ ၇၉ ဒသမ ၅ နှစ်အထိ အ သက်ရှည်လာမယ်လို့ သိရပါတယ်။ ချက်ရီဗက်ပလစ် အမျိုးသားတွေ၊ ခရိုအေးရှားနဲ့မက္ကဆီကို အမျိုးသမီး တွေဟာလည်း ဒီနှုန်းအတိုင်း အသက်ရှည်လာကြမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အဝလွန်ရောဂါ၊ လူသတ်မှုနဲ့တန်းတူ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိတာကြောင့် တောင်ကိုရီးယားလိုနိုင်ငံရဲ့အောက်စံချိန် ယုတ်လျော့နေပါတယ်။ တောင်ကိုရီးယား အ မျိုးသားတွေက ပျမ်းမျှ ၈၄ နှစ်ရှိနေမှာဖြစ်ပြီး အမျိုးသမီးတွေက ကမ္ဘာ့အသက်အရှည်ဆုံးစံချိန်အဖြစ် ပျမ်းမျှ ၉၁နှစ်ရှိလာတော့မှာဖြစ်ပါတယ်။ ရာစုနှစ်အကူးအပြောင်းကာလတုန်းက သုတေသီအများစုက လူ့သက်တမ်း နှစ် ၉၀ ထက် ကျော်လွန်နိုင်ခြေမရှိလို့ ခန့်မှန်းခဲ့ကြပေမယ့် အများပြည်သူကျန်းမာရေး စောင့်ရှောက်မှုစနစ်တွေ ကောင်းမွန်တာကြောင့် ၉၀နှစ်ထက်ကျော်လွန်လာနိုင်ခဲ့တယ်လို့ ဦးဆောင်သုတေသီ မာဂျစ်အက်ဇက်တီက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ စီးပွားရေး၊ ပညာရေး စနစ်တိုးတက်လာတာနဲ့အတူ မွေးကင်းစကလေး သေဆုံးနှုန်း၊နှလုံးရောဂါဖြစ်နှုန်း၊ အစာအိမ်ကင်ဆာဖြစ်နှုန်း ကျဆင်းလာခဲ့ပါတယ်။ ပြင်သစ်နဲ့ ဂျပန်နိုင်ငံ တွေက အမျိုးသမီးပျမ်းမျှသက်တမ်း ၈၈ ဒသမ ၆နှစ် နဲ့ ၈၈ ဒသမ ၄ နှစ်ကိုယ်စီနဲ့ တောင်ကိုရီးယား နောက်မှာ ကပ်လိုက်နေကြပြီး သြစတြေးလျနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက အမျိုးသားပျမ်းမျှသက်တမ်း ၈၄ နှစ်စီ ရှိနေကြပါတယ်။

(Ref;NS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top