Healthy Life Ad
Q & A

၀မ်းဗိုက်၊ ခြေသလုံး၊ ပေါင်တွေမှာ အမည်းရောင်၊ အမာရွတ်တွေဖြစ်နေတယ် . . .

မေး။ ။ ကျွန်တော့်အမျိုးသမီးဆီးချိုဖြစ်တာ ၃နှစ်ခန့်ရှိပါပြီ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပုံမှန် သောက်နေပါတယ်။ ဝမ်းဗိုက်၊ခြေသလုံး၊ ပေါင်တွေမှာအမည်းရောင်၊ အမာရွတ်တွေဖြစ်ပေါ်နေပြီး အချိန်ကြာတဲ့အထိ မပျောက်နိုင်ပါ။ ဘာကြောင့် ဖြစ်ရတာလဲ၊ ဘယ်လို ကုသရမလဲ။
Aye Kyan Aung(FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ဆီးချိုကို ဆေးမှန်မှန်သောက်တဲ့အပြင် ရှိသင့်တဲ့ပမာဏထက် မပိုအောင် သတိထား စားသောက်ပါ။ အနေအထိုင် အစားအသောက်ဆင်ခြင်ပါ။ အမည်းရောင်အမာရွတ်က အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သလို တခြားအခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အနာ မဖြစ်အောင်ဂရုစိုက်ပါ။ ပူတဲ့ဆေး၊ ဘာတွေပါမှန်းမသိတဲ့ လိမ်းဆေးတွေရှောင်ပါ။ နေရောင်နဲ့ မထိအောင်နေပါ။ ပိုကြီးလာရင် ဆရာဝန်နဲ့ ပြသပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top