Healthy Life Ad
Q & A

အရေးပေါ်တားဆေးကို တစ်ခါသောက်ရုံနဲ့ ဆိုးကျိုးရှိနိုင်လား . . .

မေး. မင်္ဂလာပါရှင်။ ကျွန်မကောင်လေးနဲ့ အတူနေမိပါတယ်ရှင်။ သူကလည်း အကာအကွယ်သုံးပါတယ်။ ကျွန်မလည်း အီးဇီးတူးသောက်ပါတယ်။ ဒါပေမဲ့အခု ရာသီမလာလို့စိတ်ပူနေလို့ပါ။ ရာသီလာချင်သလို ဖြစ်နေတုန်းမှာ အတူနေမိတာပါ။ ပြီးရင် ဆေးကိုတစ်ခါသောက်ရုံနဲ့ ဆိုးကျိုးအများကြီးရှိနိုင်သလား။ ကိုယ်ဝန်ရောရနိုင်သလားရှင့်။
THS (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ကွန်ဒုံးကို စလယ်ဆုံး သေသေချာချာစွပ်ရင် အရေးပေါ်တားဆေးကိုလည်း သုံးရက်အတွင်း မှန်မှန်ကန်ကန်သုံးခဲ့ရင် ကလေးမရနိုင်ပါ။ ရက်ကလည်း ရာသီမလာခင်ရက်ပိုင်းဖြစ်လို့ ကလေးရနိုင်ခြေနည်းပါတယ်။ တားဆေးကြောင့် ရာသီလာရက်ပြောင်းတာ ပုံမမှန်တာတွေဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top