Healthy Life Ad
Life Style

အဆုတ် ကင်ဆာ လက္ခဏာများ

အဆုတ်ကင်ဆာဖြစ်ခါစမှာ ဘာလက္ခဏာမှ မရှိသေးဘဲ ၂၅ ရာခိုင်နှုန်းသော အဆုတ်ကင်ဆာ ရောဂါရှိသူတွေက ရင်ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးမှု (X-ray ရိုက်)ရာမှတွေ့ရှိကြောင်း သိရှိရပါတယ်။ ကင်ဆာရောဂါဖြစ်ပြီး အနီးအနားက အဆုတ်တစ်သျှူးတွေဆီ ရောက်လာရင်တော့ ချောင်းဆိုးတာ၊ အသက်ရှူမဝတာ၊ မောတာ၊ ရင်ကျပ်တာ၊ ရင်ဘတ်အောင့်တာ၊ ချောင်းဆိုးရာမှ သွေးပါတာတို့ ဖြစ်နိုင်ပါတယ်။ အနီးအနားရှိ တခြားတစ်သျှူးတွေကို ပြန့်နှံ့ရင်တော့ ပခုံးနာတာ၊ အသံပြောင်းတာ၊ အစာမျိုရခက်တာစတာတွေဖြစ်ပြီး တခြားအင်္ဂါတွေကို ပြန့်နှံ့ရင်တော့ မျက်စိဝါးတာ၊ ခေါင်းကိုက်တာ၊ လေဖြတ်တာ၊ အားနည်းတာ၊ ထုံကျဉ်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်အပြောင်းအလဲဖြစ်တာတို့ ခံစားရနိုင်ပါတယ်။

အဆုတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အရေးအကြီးဆုံးကတော့ ဆေးလိပ်သောက်တာဖြစ်ပြီး အဆုတ်ကင်ဆာဖြစ်သူ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်တိုင်ဆေးလိပ်သောက်တာအပြင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်တာကြောင့်လည်း အဆုတ်ကင် ဆာဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းအထိ မြင့်လာနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top