Healthy Life Ad
Q & A

အိမ်သားတစ်ဦးမှာ တီဘီရောဂါရှိနေလျှင် . . .

မေး။ ။ အိမ်မှာ အဘွားက တီဘီရောဂါရှိပါတယ်။ ဆေးသောက်နေရတုန်းပါ။ အိမ်သူအိမ်သားတွေမှာ တီဘီ ရောဂါမကူးအောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။ ကိုယ်ခံအားကောင်းရင် မကူးဘူးဆိုလို့ ကိုယ်ခံအားကောင်းအောင် ဘယ်လိုစားသောက်သင့်ပါသလဲရှင့်။
နှင်းသီ၊ မန္တလေး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ တီဘီရောဂါရှိတဲ့သူတွေကဖြစ်နိုင်ရင် ကလေးငယ်တွေနဲ့အတူ ပူးပူးကပ်ကပ် မနေထိုင်သင့်ပါဘူး။ အဘွားမှာတီဘီရှိပြီး ဆေးသောက်နေတုန်းဆိုရင် အဘွားကိုစားတာ၊ သောက်တာကအစ ပန်းကန်ခွက် ယောက်လေးတွေကို သီးသန့်ထားပေးသင့်ပါတယ်။ တစ်အိမ်ထဲနေတဲ့အခါ အဘွားရဲ့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေ၊ စောင်တွေကို နေပူလှန်းပေးတာတို့၊ အဘွားနေတဲ့ ပတ်ဝန်းကျင်ကို လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကျရောက်အောင်တို့ လုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် အဘွားနဲ့နှစ်နှစ်အောက် ကလေးသေးသေးလေးတွေကို အတူမထားသင့်ပါဘူး။ ကလေးဆီကို ကူးစက်နိုင်ခြေများလို့ပါ။
အိမ်သူအိမ်သားတွေက ကိုယ်ခံအားကောင်းအောင် ပရိုတင်းဓာတ် ရစေဖို့ အသားများများ စားပေးရပါမယ်။ ဗီတာမင်တွေရအောင် အသီးအရွက်နဲ့ သစ်သီးဝလံများများ စားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top