Healthy Life Ad
Health Tips

နေပူဒဏ်ခံရပြီးချိန် အသားအရေကို ပြန်လည်ပြုပြင်နိုင်ရန် မှီဝဲသင့်သည့် အစားအသောက် သုံးမျိုး

(၁) ခရမ်းချဉ်သီး
တောက်ပတဲ့ အနီရောင် ခရမ်းချဉ်သီးတွေမှာ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် အသားအရေကို နေဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးက ပိုနီလေ၊ လိုင်ကိုပင်းအင်တီ အောက်ဆီးဒင့် ပါဝင်မှုပိုများလေ ဖြစ်ပါတယ်။ စားတဲ့ အစာထဲ ခရမ်းချဉ်သီးပါဝင်မှုများလေလေ၊ အသားအရေကို နေလောင်ဒဏ်ခံရတာနဲ့ နေရောင် ခြည်ကြောင့် ထိခိုက်မှုဖြစ်တာတို့ကို ကာကွယ်နိုင်လေလေဖြစ်ပါတယ်။

(၂) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် အသားအရေကို ပြန်လည် ပြုပြင်ပေးပါတယ်။

(၃) လက်ဖက်စိမ်းလက်ဖက်ရည် သို့မဟုတ် ရေနွေးကြမ်း
လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ရေနွေးကြမ်းမှာ ပိုလီဖီနော၊ အထူးသဖြင့် ကက်တီချင်တို့ ပါဝင်မှုများတဲ့အတွက် နေပူဒဏ်ကြောင့် ဆဲလ်ထိခိုက် မှုကိုဟန့်တားနိုင်စွမ်း ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top