Healthy Life Ad
Q & A

ကျောက်ကပ်ကျန်းမာအောင် စားသောက်နေထိုင်နည်း

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး။ ။ မျိုးရိုးအရ ကျောက်ကပ်ရောဂါ ဖြစ်သူတွေ များလို့ ကျွန်မကျောက်ကပ်ရောဂါ ဖြစ်မှာစိုးမိပါတယ်။ အဲဒါကျောက်ကပ်ကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ။

ဖြေ။ ။ ကျောက်ကပ်ရောဂါက မျိုးရိုးမလိုက်ပါဘူး။ ဆီးချိုရောဂါရှိတဲ့သူ၊ သွေးတိုးရောဂါရှိတဲ့သူတွေကသာ ထိန်းချုပ်မှု မကောင်းရင် နောက်ဆက်တွဲရောဂါ အနေနဲ့ ကျောက်ကပ်ရောဂါ ဖြစ်တာပါ။

ကျောက်ကပ်ကျန်းမာအောင် နေထိုင်စားသောက်သင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒါတွေကတော့-

– ရေကိုနည်းနည်းနဲ့ မကြာခဏ သောက်ပေးရပါမယ်။ ရေကို တစ်ကျိုက်တည်းနဲ့ အများကြီး မော့ သောက်တာထက် တစ်ရက်ကို ၂-၃ လီတာ လောက်ကို ဖြည်းဖြည်းချင်းသောက်ပေးရပါမယ်။

– အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေကို များများစား ပေးရပါမယ်။

– အသားကို အလွန်အကြူး မစားသင့်ပါဘူး။ အလွန်အကြူးဆိုတာ တစ်ရက်ကို အသား ၅၀ ကျပ်သားလောက် စားတာမျိုးကို ဆိုလိုတာပါ။ မြန်မာလူမျိုးအများစုကတော့ အသားစားတာ နည်းကြပါတယ်။

– တခြား ရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်သလိုပဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် စား သောက်မယ်ဆိုရင် ကျောက်ကပ်ရောဂါမဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top