Healthy Life Ad
Life Style

လူတိုင်းတတ်ထားသင့်သည့် အခြေခံရှေးဦးသူနာပြုစုနည်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)


(၁) အပူလျှပ်ခြင်း (Heat Stroke)

အဆင့် (၁) ရာသီဥတုပူပြင်းလွန်းလို့ အပူကြီးနေသူကို နေရောင်နဲ့ဝေးရာ အေးမြတဲ့နေရာကိုရွှေ့ပါ။
အဆင့်(၂) လှဲလျက်အနေအထားနဲ့ ခြေထောက်တွေကိုမြှင့်ပေးပါ။
အဆင့် (၃) အဝတ်အစားတွေ တင်းကျပ်နေရင် ဖြေလျှော့ပေးပါ ဒါမှမဟုတ် မလိုအပ်တဲ့ အပေါ်ဝတ်တွေကို ချွတ်ပေးပါ။
အဆင့် (၄) ချိုင်း(ဂျိုင်း)၊ လည်ပင်းနဲ့ ပေါင်ခြံနေရာတွေကို ရေစိုဝတ် ဒါမှမဟုတ် ရေခဲဝတ်ကပ်ပေးပါ။
အဆင့် (၅) ရေတိုက်ပါ။ ပန်ကာဖွင့်ထားပါ။


(၂) အဆစ်လွဲခြင်း (Sprain)

RICE နည်းလမ်း
အဆင့် (၁) အနားယူပါ (Rest) – ထိခိုက်နေတဲ့ အစိတ်အပိုင်းကို သက်သောင့်သက်သာ အနေအထားမျိုးမှာထားပါ။
အဆင့်(၂) ရေခဲကပ်ပါ (Ice) – သုံးနာရီကြာတိုင်း ရေခဲဝတ်ကပ်ပေးပါ၊ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာစေပါတယ်။
အဆင့် (၃) ဖိပေးပါ (Compression) – ထိခိုက်နေတဲ့နေရာကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးစည်းပေးပါ။
အဆင့် (၄) မြှင့်ထားပါ (Elevation) – ထိခိုက်နေတဲ့ ခြေထောက်ကို မြှင့်ထားပေးရင် ရောင်ရမ်းမှုနဲ့ သွေးစို့တာတွေကို သက်သာစေပါတယ်။


(၃) တက်ခြင်း (Seizure/ Epilepsy)

အဆင့် (၁) လူနာရဲ့ဦးခေါင်းကို ထိခိုက်ဒဏ်ရာမရအောင် စောင် ဒါမှမဟုတ် အဝတ်အစား ခုထားပေးပါ။
အဆင့်(၂) တက်ပြီးချိန်မှာ လူနာကို ဘေးတစောင်းအနေအထားနဲ့ လှဲပေးပါ။
မှတ်စု။ ။ ပါးစပ်ထဲ ဘာကိုမှမထည့်ပါနဲ့။


(၄) သွေးထွက်များခြင်း (Heavy Bleeding)

အဆင့် (၁) ဒဏ်ရာရတဲ့ အစိတ်အပိုင်းကို နှလုံးနေရာအထက် မြှင့်ထားပေးပါ။
အဆင့်(၂) ဒဏ်ရာကို ဖိထားပေးပါ။
အဆင့် (၃) ဒဏ်ရာထဲ ပြင်ပပစ္စည်းဝင်နေရင် ဘေးဘက်မှာ ဖိအားပေးပြီးထုတ်ပါ။


(၅) ဆို့နင်ခြင်း (Chocking)

အဆင့် (၁) ဆို့နင်သူရဲ့ နောက်မှာရပ်ပါ။
အဆင့်(၂) သူ့ပခုံးပြင်နှစ်ခုကြား ငါးချက်လောက် ရိုက်ထုတ်ပေးပါ။
အဆင့် (၃) ဆို့နင်သူရဲ့ နောက်ကနေပြီး လက်နှစ်ဖက်ယှက်ကာ သိုင်းဖက်ရင်း အောက်နံရိုးနဲ့ ရင်ဝမ်းခြားကြွက်သားကြားမှာ ဆွဲညှစ်လိုက်ပါ။


(၆) အပူလောင်ခြင်း (Burn)

အဆင့် (၁) အပူလောင်သွားတဲ့အခါ ဘုံပိုင်ရေအောက်မှာ အနည်းဆုံး အချိန် ၁၅ မိနစ်လောက် အေးမြအောင်ထားပေးပါ။
အဆင့်(၂) ပလတ်စတစ်အိတ်အကြည်နဲ့ ခပ်လျော့လျော့ ဖုံးအုပ်ထားပါ။


(၇) လေဖြတ်ခြင်း (Stroke)

FAST စစ်ဆေးနည်း
အဆင့်(၁) မျက်နှာတွဲကျခြင်း (Face drooping) – မျက်နှာတစ်ခြမ်းမှာ အားနည်းတဲ့ နေရာရှိသလား။
အဆင့်(၂) လက်မောင်းမလှုပ်ရှားနိုင်ခြင်း (Arm immobilized) – လက်နှစ်ဖက်စလုံးကို မြှောက်နိုင်သလား။
အဆင့် (၃) စကားမပီခြင်း (Speech impaired) – စကားကို အလွယ်တကူ နားလည်နိုင်သလား။
အဆင့် (၄) အချိန် (Time) – အထက်ကအရာတွေ ဖြစ်နေပြီဆိုရင် အရေးပေါ်လူနာတင်ယာဉ်ကို အမြန်ဆုံးခေါ်ဖို့ အချိန်တန်နေပါပြီ။


(၈) အသက်ရှူရပ်သွားခြင်း (No Breathing)

အဆင့် (၁) အသက်မရှူနိုင်သူရဲ့ ရင်ဘတ်အလယ်နေရာကို ပုံမှာပြထားတဲ့အတိုင်း ခပ်ပြင်းပြင်းဖိတွန်းပါ။
အဆင့်(၂) လူနာကို ဦးခေါင်းနောက်လှန်ပြီး မေးစေ့ကိုမြှင့်ကာ အသက်ရှူလမ်းကြောင်း ပွင့်အောင်လုပ်ပေးပါ။
အဆင့် (၃) နှာခေါင်းကိုပိတ်ပြီး ပါးစပ်-ပါးစပ်ချင်းတေ့ပြီး အသက်ရှူသွင်းပေးပါ။
အဆင့် (၄) ရင်ဘတ်ကို ပြန်ဖိနှိပ်ပြီး အသက်ပြန်ရှူလာအောင် လုပ်ဆောင်ပေးပါ။


(၉) အရိုးအက်ခြင်း (Fracture)

အဆင့် (၁) သွေးထွက်ရပ်အောင်လုပ်ပါ။
အဆင့်(၂) ထိခိုက်တဲ့ဒဏ်ရာကို မလှုပ်ရှားပါနဲ့။ ဘေးတစ်ဖက်တစ်ချက်ကနေ တုတ်တွေနဲ့ထိန်းပြီး ရှိတဲ့အဝတ်စနဲ့ စည်းပေးပါ။
အဆင့် (၃) ရောင်ရမ်းမှုနဲ့ နာကျင်မှု သက်သာအောင် ကျိုးတဲ့နေရာကို ရေခဲအိတ်ကပ်ပေးပါ။


(၁၀) နှလုံးအမောဖောက်ခြင်း (Heart Attack)

အဆင့် (၁) လူနာက ရင်ဘတ်အောင့်နေရင်၊ ရင်ဘတ်အောင့်တဲ့ ဝေဒနာက လက်မောင်း၊ လည်ပင်းအထိ ခံစားနေရသလားဆိုတာ ဆန်းစစ်ပါ။
အဆင့်(၂) သေချာရင် အရေးပေါ် လူနာတင်ယာဉ်ကို ဖုန်းဆက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top