၊ ငွေကြယ်စင်ယံ ၊
ဆံပင်ကောက်ရင်း အရေပြား အပူလောင်သွားတာ၊ ချွေးပေါက်ထဲ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေဝင်နေတာ စတဲ့ အရေးပေါ်ပြဿနာတွေအတွက် သင့်လက်တစ်ကမ်းမှာ ဖြေရှင်းစရာ သဘာဝပစ္စည်းတွေရှိနေပါတယ်။
– ဆံပင်ကောက်ရင်း အပူလောင်သွားလျှင် ပျားရည်ကိုသုံးပါ
ဆံပင်ကောက်ရင်း နားရွက်မှာ အပူလောင်သွားတဲ့အခါ ပျားရည်ကိုသုတ်လိမ်းပေးပါ။ ပျားရည်က အနာကျက်မြန်စေနိုင်ပါတယ်။ သံလွင်ဆီထည့်ထားတဲ့ ရေနဲ့ချိုးရင်တော့ အသားအရေခြောက်သွေ့မှုကို စိုပြည်စေပါတယ်။ ရေခဲတုံးကတော့ ချွေးပေါက်ကျယ်တာကို ကျဉ်းစေပါတယ်။ ဒါကြောင့် အပူလောင်သွားတဲ့အခါ အရင်ဆုံး ရေအေးဝတ်ဖိကပ်ပြီး ပျားရည်သုတ်လိမ်းပေးပါ။ ပျားရည်မှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတာကြောင့် အပူလောင်တာကို ချက်ချင်းသက်သာသွားစေပါတယ်။
– ချွေးပေါက်ကျဉ်းနေလျှင် ကြက်သီးနွေးရေသုံးပါ
မျက်နှာကို ကြက်သီးနွေးရေနဲ့ အကြိမ် ၂၀လောက် ပက်ဖျန်းပြီးရင် အေးမြသန့်စင်တဲ့ ဘုံပိုင်ရေနဲ့ ဆယ်ကြိမ်လောက် ပက်ဖျန်းပေးပါ။ ဒီနည်းလမ်းဟာ အသားအရေကို နူးညံ့ပျော့ပျောင်းသွားစေပြီး ချွေးပေါက်တွေကျဉ်းစေပါတယ်။
– အသားအရေခြောက်သွေ့လျှင် ကြက်ဆူဆီသုံးပါ
အသားအရေ ခြောက်သွေ့တာနဲ့ နှင်းခူအနာတွေသက်သာစေဖို့ ကြက်ဆူဆီ ဒါမှမဟုတ် သံလွင်ဆီထည့်ထားတဲ့ ရေကိုချိုးပါ။
– ဆံပင်နှင့် လက်သည်း၊ ခြေသည်း ခြောက်သွေ့ထိခိုက်နေလျှင် ရွှေဖရုံစေ့ဆီ သို့မဟုတ် သံလွင်ဆီလိမ်းပါ
ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားခြောက်သွေ့ပြီး ထိခိုက်လွယ်နေရင် ရွှေဖရုံစေ့ဆီ ဒါမှမဟုတ် သံလွင်ဆီသုတ်လိမ်းပေးပါ။
– အသားအရေ ဖောင်းအစ်နေလျှင် ရေခဲကပ်ပါ
မိတ်ကပ်မလိမ်းခင် နံနက်တိုင်း မျက်နှာကို ရေခဲကပ်ပေးတာနဲ့ ညအိပ်ရာမဝင်ခင် ရေခဲကပ်ပေးတာကြောင့် အသားအရေ ဖောင်းအစ်တာကို သက်သာစေပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။
– မျက်ဝန်းအရေပြား လျော့တွဲကျနေလျှင် ဗက်ဆလင်းအလှဆီနှင့် ကြက်ဥအကာရောလိမ်းပါ
အိပ်ရာမဝင်ခင် မျက်ဝန်းအောက်မှာ ဗက်ဆလင်းအလှဆီလိမ်းပါ။ ပေါင်းတင်ပစ္စည်းအဖြစ် ကြက်ဥအကာကို အသုံးပြုပေးပါ။ အသားအရေကို တင်းရင်းလှပစေပါတယ်။
– လက်သည်း၊ ခြေသည်း အားနည်းလျှင် သံပရာခွံပွတ်လိမ်းပေးပါ
လက်သည်း၊ ခြေသည်းတွေ သန်စွမ်းစေဖို့ သံပရာခွံ ပွတ်လိမ်းပေးပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)