Healthy Life Ad
Health Tips

အံ့သြဖွယ်ရာ အသည်းအကြောင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်အသည်းဟာ သင့်ခန္ဓာကိုယ်နဲ့သွေးတွေ သန့်စင်နေဖို့ရာအတွက် နေ့စဉ်နေ့တိုင်း အံ့သြစရာကောင်းတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နေပါတယ်။ အသည်းရဲ့လုပ်ငန်းဆောင်တာတွေ အကောင်းဆုံးဖြစ်စေဖို့နဲ့ အသည်းအားပြည့်ကာ သန့်ရှင်းကြည်လင်နေစေဖို့ သင်သိထားသင့်တဲ့ အချက်တွေရှိပါတယ်။

သင့်အသည်း ဘာလုပ်သလဲ

– ကူးစက်ပိုးတွေကို တွန်းလှန်နိုင်အောင် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

– သွေးခဲတာကို ဟန်ချက်ညီစေပါတယ်။

– သည်းခြေရည်ထုတ်လုပ်တာနဲ့ စွန့်ထုတ်တာတို့ကို လုပ်ဆောင်ပေးပါတယ်။

– ဘီလီရူဘင်၊ ကိုလက်စထရော၊ ဟော်မုန်းနဲ့ မလိုအပ်တဲ့ဆေးဝါးတွေကို စွန့်ထုတ်ပေးပါတယ်။

– အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို တည်ဆောက်ဖြိုခွဲပေးပါတယ်။

– အင်ဇိုင်းတွေကို အားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

– ဂလိုင်ကိုဂျင်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သိုလှောင်ပေးပါတယ်။

– မတူညီတဲ့ ဓာတုဗေဒဆိုင်ရာလုပ်ငန်းဆောင်တာ ၅၀ဝ ကျော်ကို လုပ်ဆောင်ပါတယ်။

– သွေးတွေကိုသန့်စင်အောင် လုပ်ပေးပါတယ်။

– တစ်မိနစ်မှာ သွေးတစ်လီတာကို စစ်ထုတ်ပေးပါတယ်။

သတိပြုရန်

သင့်အသည်းရဲ့ အလေးချိန်က အဆီ ၁၀ရာခိုင်နှုန်းထက် ပိုများနေပြီဆိုရင် အသည်းအဆီဖုံးတာ ဖြစ်နိုင်ပါတယ်။

အသည်းထိခိုက်နေသည့် လက္ခဏာများ

အသည်းရဲ့လုပ်ငန်းဆောင်တာ မကောင်းတော့ဘူးဆိုရင် ခေါင်းကိုက်တာ၊ ဆီးအရောင်ရင့်တာ၊ အစာစားချင်စိတ်မရှိတာ၊ နာတာရှည်ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းဖြူဖြူသွားတာ၊ အရေပြား ပေါက်ပြဲလွယ်တာ၊ ပူပင်သောကများတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ကသိကအောင့်ဖြစ်တာ၊ ဟော်မုန်းဟန်ချက်မညီတာ၊ မောပမ်းနုံးချည့်တာ၊ အသားဝါတာ၊ လိင်စိတ်လျော့နည်းတာ၊ အစာဓာတ်မတည့်မှုဖြစ်လွယ်တာ စတာတွေဖြစ်တတ်ပါတယ်။

သင့်အသည်းကို ဒါတွေနဲ့အားဖြည့်ပါ

– ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာ၊ အထူးသဖြင့် သြဂဲနစ်အစာကို စားပါ။

– ပရိုတင်းဓာတ်ရစေမယ့်အစာ အနည်းငယ်စားပေးပါ။

– ပဋိဇီဝပိုးသတ်ဆေးနဲ့ အက်ဆစ်ဆန့်ကျင်တဲ့ ဆေးတွေကို မိမိသဘောနဲ့ မိမိမသောက်ပါနဲ့။

– အရက်ကိုရှောင်ပါ။ ပါရာစီတမောကိုတတ်နိုင်သမျှ လျှော့သောက်ပါ။ အရက်နဲ့ ပါရာစီတမောကို ဘယ်တော့မှတွဲမသောက်ပါနဲ့။

– ဆေးသောက်နေရရင် ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို သတိထားပါ။

– ပတ်ဝန်းကျင်အဆိပ်အတောက်တွေကိုရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top