Healthy Life Ad
Q & A

အတူနေတာ ကွန်ဒုံးသုံးပေမယ့် ပေါက်သွားလို့ပါ . . .

မေး။ ။ မိန်းကလေးတစ်ယောက်နဲ့ လွန်ခဲ့တဲ့သုံးရက်လောက်က အတူနေဖြစ်တယ်။ ကွန်ဒုံးလည်း သုံးပါ တယ်။ ဒါပေမဲ့ ကွန်ဒုံးက ဘောလုံးပေါက်သလို ဖုတ်ဆိုပေါက်သွားတယ်။ အသံကြားတာနဲ့ချက်ချင်းထုတ် လိုက်ပါတယ်။ ပြီးတော့ အသစ်ပြန်လဲလိုက်တယ်။ အဲ့မိန်းကလေးက ရောဂါပိုးရှိရင် ကူးနိုင်ခြေရှိလားဆို တာကိုပြောပြပေးပါ။ ဆေးလည်း စစ်ချင်တယ်။ အခု စစ်လို့ သေချာပါ့မလားမသိလို့ပါ။
APP (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ လိင်ဆက်ဆံစဉ်မှာ ထွက်တဲ့အရည်မှန်သမျှ ရောဂါပိုးရှိရင်ကူးစက်နိုင်ပါတယ်။ ကွန်ဒုံးကျွတ်တဲ့အချိန် ပေါက်ပြဲချိန်မှာ ဘယ်ရွေ့ဘယ်မျှထိတွေ့မိတယ်ဆိုတဲ့ပေါ်မှာမူတည်ပါတယ်။ သံသယဖြစ်စရာဖြစ်ပြီးချိန်မှာ သေသေချာချာဆေးကြောတာမျိုးမလုပ်ဘဲ အသစ်တစ်ခုပြောင်းသုံးပြီး ထပ်ဆက်ဆံတာမျိုးက ပိုစိတ်မချရစရာဖြစ်ပါတယ်။ သွေးအဖြေကတော့ချက် ချင်းစစ်ရင်မမှန်တတ်ပါ။ နောင်ခြောက်လမှာ ထပ်မံ စစ်ဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top