Healthy Life Ad
Life Style

အသားအရေ တောက်ပြောင်စေရန်အတွက် တမူထူးခြားလှည့်ကွက်များ

လရိပ်မေ

(၁) ရေချိုးပြီးချိန် ဒါမှမဟုတ် ရေစိမ်ချိုးပြီးချိန် အရေပြားစိုထိုင်းဆရှိနေခိုက်မှာ လိုးရှင်းလိမ်းဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

(၂) ရေစိမ်ကန်ထဲမှာ ချိုးရေအပြည့်ထည့်ပြီး မရှိမဖြစ် အမွှေးနံ့သာဆီအစက် အနည်းငယ်ထည့်ကာ အမြှုပ်ထအောင်လုပ်ပြီး ရေချိုးပါ။

(၃) ခန္ဓာကိုယ်ကို တစ်ပတ်တစ်ကြိမ်ကြေးချွတ်ပေးရင် ဆဲလ်သေတွေကိုကွာကျစေပြီး အသားအရေကိုကြည်လင်စေပါတယ်။ အရေပြားကို ကြေးချွတ်ပြီးခါစမှာ လိုးရှင်းနဲ့အဆီလိမ်းပေးရင် ကောင်းကောင်းစိမ့်ဝင်စေပါတယ်။

(၄) လှပတဲ့အသားအရေက ကိုယ်တွင်းစနစ်တွေက လာတာဖြစ်ပါတယ်။ ဒါကြောင့် သင်စားတဲ့ အစားအသောက်ထဲမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ရေပါဝင်ဖို့မမေ့ပါနဲ့။

(၅) ရေမွှေး အလွန်အကျွံဆွတ်မိသွားသလား။ အရေပြားပေါ်မှာ အရက်ပြန်ဆွတ်ထားတဲ့ ဝါဂွမ်းစလေးနဲ့ ပွတ်သပ်ပေးပါ။ ထုံသင်းလွန်းတဲ့ မွှေးရနံ့ကို စုပ်ယူသွားပါလိမ့်မယ်။

(၆) ရေမွှေးကြာရှည်ခံစေဖို့ သွေးခုန်နှုန်းများတဲ့နေရာမှာ ရေနံဂျယ်လီအနည်းငယ် သုတ်လိမ်းပြီးမှ ရေမွှေးဆွတ်ပါ။ ဒါ့အပြင် ဒူးနဲ့ခြေကျင်းဝတ်နေရာတွေကိုလည်း ရေမွှေးဆွတ်ဖို့မမေ့ပါနဲ့။

(၇) ပြင်းလွန်းတဲ့ အမွှေးရနံ့ ဒါမှမဟုတ် alphahydroxy acids ပါတဲ့ ခရင်မ်ကို အမွှေးရိတ်ပြီးခါစ ခြေသလုံးပေါ်မှာ မလိမ်းပါနဲ့။ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး အနီပြင်ထစေနိုင်လို့ပါ။

(၈) နေပူရှိန်ပြင်းလေလေ၊ ခရမ်းလွန်ရောင်ခြည်ဒဏ် မြင့်မားလေလေပါ။ ဒါကြောင့် နေပူလွန်းတဲ့အချိန်မှာ အရေပြားကျန်းမာရေး မထိခိုက်စေဖို့ နံနက် ၁၀နာရီနဲ့ နေ့လယ် နှစ်နာရီကြားမှာ အပြင်မထွက်ပါနဲ့။

(၉) ခြေသလုံးမှာ သွေးလှည့်ပတ်မှုကောင်းစေဖို့နဲ့ မမြင်ရတဲ့ သွေးကြောအန္တရာယ်ကိုလျှော့ချနိုင်ဖို့ နားနေတဲ့အခါ ခြေထောက်ကိုမြှင့်ထားပေးပါ။

(၁၀) ရေချိုးပြီးမှ ခြေသလုံးအမွေးကိုရိတ်ပါ။ ရေနွေးငွေ့ဟာ ခြေသလုံးအမွေးရိတ်ရာမှာ ချောမွေ့အပြစ်ကင်းစင်တဲ့ရလဒ်ကို ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top