Healthy Life Ad
Q & A

သားအိမ်မှာ အသားလုံးရှိရင် . . .

မေး ။ ညီမမှာ လွန်ခဲ့တဲ့လေးလခန့်က အဖြူဆင်းတာကြောင့် အာထရာဆောင်းရိုက်ခဲ့ပါတယ်။ သားအိမ်မှာ အသားလုံး 2cm လောက်ရှိတယ်တဲ့။ သုံးလလောက် ဆေးသောက်ခဲ့ပါတယ်။ အခုပြန်ရိုက်တော့ ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဒီတိုင်းရိုက်မိတယ်။ ဆရာမက အားလုံးကောင်းပါတယ်တဲ့။ အဲဒါ ပြန်ရိုက်ဖို့ လိုအပ်သလားရှင်။
Ni Nisoe (Fb)

ဒေါက်တာမြတ်ထွဋ်ညွနျ့်မှ ပြန်လည်ဖြေကြားပေးသည်။

ဖြေ ။ သားအိမ်မှာ အသားလုံးဖြစ်တာဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အရွယ်အစားသေးပြီး ဘာရောဂါလက္ခဏာ မှမပြရင် စိုးရိမ်စိတ်ပျက်စရာမဟုတ်ပါ။ တကယ်လို့ ဗိုက်တင်းလာတယ်၊ နာကျင်ကိုက်ခဲတယ်၊ ဆီးခဏခဏသွားရတယ်. . စသဖြင့် ထူးခြားလာရင်တော့ သေသေချာချာစစ်ဆေးရပါမယ်။ ဖြစ်တဲ့ နေရာအရွယ်အစားနဲ့လူနာအခြေအနေအရ ကုသမှုရွေးချယ်ပေးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top