Healthy Life Ad
Health Tips

အာလူးမှာ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရှိသလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အာလူးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတာကြောင့် သင်စားမယ့်အစားအစာစာရင်းကနေ အာလူးကို ထုတ်ထားပါသလား။ အာလူးကို ကိုယ်အလေးချိန် တက်လာမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် လုံးဝမစားဘဲတော့ မနေသင့်ပါဘူး။ အကြောင်းကတော့ အာလူးမှာ သင့်ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်နေတာကြောင့်ပါ။

(၁) အာလူးမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်အများ အပြား၊ ဖိုင်တိုကမ်မီကယ်လ်၊ ဗီတာမင် B6 နဲ့ ဗီတာ မင်စီတို့ပါဝင်နေတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်နေအောင် ထိန်းပေးနိုင်ပါတယ်။

(၂) အာလူးဟာ ပိုတက်စီယမ်ပါဝင်မှုများတဲ့ လူတွေ စားသုံးမှုအများဆုံး ဟင်းသီးဟင်းရွက်၂၀နဲ့ သစ်သီး ၂၀ထဲမှာ တစ်မျိုး အပါအဝင်ဖြစ်ပါတယ်။

(၃) အလတ်စားအရွယ် အာလူးတစ်လုံးမှာ နေ့စဉ် လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ၁၈ရာခိုင်နှုန်း ပါ ဝင်တာကြောင့် ငှက်ပျောသီးတစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှုပိုများပါတယ်။

(၄) အမေရိကန် စားနပ်ရိက္ခာနဲ့ ဆေးဝါးကွပ်ကဲရေး အဖွဲ့က ပိုတက်စီယမ်ပေါများစွာ ပါဝင်တဲ့ အစားအစာတွေက သွေးတိုးရောဂါနဲ့ လေဖြတ်ဝေဒနာတို့ရဲ့ ဖြစ်နှုန်းကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ပါဝင်မှုများတဲ့ အာလူးကို စားသင့်တာဖြစ်ပါတယ်။

(၅) အာလူးမှာ ပိုတက်စီယမ်ပါဝင်မှုများတဲ့အပြင် ဆိုဒီယမ်နဲ့အဆီပါဝင်မှုနည်းပါးပါတယ်။ အာလူး ဟင်းတစ်ခွက်စာမှာ ကယ်လိုရီ ၁၁၀-၁၅၀ လောက်ပဲ ပါဝင်ပါတယ်။

– မှတ်ချက် –
ထပ်ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့အာလူး ကြော်၊ အာလူးချောင်းကြော် စတာတွေကိုတော့ မစားသင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top