Healthy Life Ad
Q & A

သွေးကျဲဆေး စွဲသောက်လျှင် . . .

မေး။ ။ သွေးကျဲဆေးကို စွဲသောက်ရင်အန္တရာယ် ဖြစ်နိုင်ပါသလား။
ဦးဌေး၊ သာကေတ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ ဘယ်ဆေးပဲဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုး အနည်းနဲ့ အများတော့ ရှိတတ်ပါတယ်။ ကိုယ့်အတွက် အဆိုးထက် အကောင်းက ပိုများနေရင် ဆေးက သောက်ရမှာပါပဲ။ သွေးကျဲဆေး သောက်နေချိန်မှာ အစိမ်းရောင်ဟင်းရွက်တွေကို အလွန်အကျွံ မစားသင့်ပါဘူး။ တစ်ခါစားရင် အစိမ်းရောင်ဟင်းရွက် တရုတ်ပန်းကန်လုံးတစ်ခွက်ထက် ပိုမစားသင့်ပါဘူး။ သံလွင်ဆီသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးကျဲဆေး သောက်ထားရင် သံလွင်ဆီကိုတစ်နေ့ ထမင်းစားဇွန်း နှစ်ဇွန်းအထိပဲ စားသုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top