Healthy Life Ad
Health Tips

သွေးခဲနိုင်ခြေများသူတို့ သွေးကျဲဆေးအက်စ်ပရင် အစားထိုးမှီဝဲနိုင်သည့် အရာများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လေဖြတ်ခြင်း၊ နှလုံးအမောဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေများသူတွေက တစ်နေ့မှာ အက်စ်ပရင်ဆေးတစ်ပြားကို စားပေးရင် သွေးခဲနိုင်ခြေ လျော့ကျပြီး သွေးကျဲစေပါတယ်။ ဒါပေမဲ့ အက်စ်ပရင်ဆေးကို နေ့တိုင်းမှီဝဲရင် ဘေးထွက်ဆိုးကျိုး အနည်းနဲ့ အများဆိုသလို ဖြစ်တတ်တာကြောင့် အစားထိုးသုံးစွဲနိုင်မယ့် သဘာဝပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်ဖြူ

တစ်နေ့ အက်စ်ပရင်ဆေးတစ်ပြား မမှီဝဲသူအများစုက တစ်နေ့မှာ ကြက်သွန်ဖြူနှစ်မြွှာခန့် စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို နေ့စဉ်နှစ်မြွှာစားပေးတာက သွေးခဲတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ချင်း(ဂျင်း)

ပျို့ချင်အန်ချင်တာ၊ အစာမကြေတာ၊ ဝမ်းလျှောတာ စတဲ့ အစာမကြေတဲ့ ဝေဒနာတွေရှိရင် ချင်း(ဂျင်း)က အလွန်အသုံးဝင်ပါတယ်။ ချင်းက သွေးခဲတဲ့သူတွေမှာ သွေးကျဲစေတယ်ဆိုတာ လူအများစုက သတိမပြုမိကြပါဘူး။ ချင်းမှာ အက်စ်ပရင်လိုပဲ အဆီတိုင်းဆလီးဆလစ်အက်စစ် ပါဝင်မှုများတာကြောင့် သွေးခဲသူတွေမှာ သင့်တော်တာပါ။

နနွင်းမှုန့်

နနွင်းမှုန့်မှာ ကာကူမင်ဓာတ်ပါတဲ့အတွက် သွေးခဲမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နနွင်းမှုန့်ကို ဟင်းလျာချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြုသင့်ပါတယ်။

ငရုတ်သီး

ငရုတ်သီးမှာ ဆလီးဆလိတ်ဓာတ် ပါတာကြောင့် သွေးခဲနိုင်ခြေ များသူတွေမှာ သွေးကျဲစေတဲ့အစွမ်း ရှိပါတယ်။

သတိပြုရန်-သင့်အနေနဲ့ သွေးကျဲဆေး မှီဝဲနေတယ်ဆိုရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top