Healthy Life Ad
Health Tips

တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေလျှင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဗိုင်းရပ်စ်ပိုးဝင်ပြီး နာမကျန်းမှု ဖြစ်တဲ့အခါ ကိုယ်ပူကာ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်တတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ပြီး ဖျားနာတဲ့အခါမှာလည်း ကိုယ်ပူတာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲနာကျင် တာတို့ ဖြစ်တတ်ကာ ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်း စနစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီလို ကိုက်ခဲနာကျင်နေချိန်မှာ လုပ်သင့်တဲ့ အချက်တွေကို လိုက်နာပေးမှ မြန်မြန် သက်သာစေမှာပါ။

(၁) ဆေးလိမ်းပါ
တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ပြီး အိပ်မပျော်နိုင် ဖြစ်နေရင် ကိုက်ခဲနာကျင်မှုဝေဒနာ သက်သာ လျော့ပါးစေမယ့် ဆေးကိုလိမ်းပေးပါ။ တစ်ကိုယ်လုံး နွေးထွေးပြီး အိပ်မောကျသွားပါလိမ့်မယ်။

(၂) အကိုက်အခဲပျောက်ဆေး မှီဝဲပါ
ဆရာဝန်ထံ သွားမပြနိုင်သေးတဲ့အချိန်မှာ ဖျား နာတာနဲ့ ကိုက်ခဲနာကျင်တဲ့ ဝေဒနာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး မှီဝဲသင့်ပါတယ်။ လူသုံးများတဲ့ အိုင်ဗျူပရိုဖန်ဆေးက ကိုယ်အပူချိန်ကျ အောင်ဟိုက်ပိုသားလမတ်စ်ကို ရပ်တန့်ပေးကာ ကိုက် ခဲနာကျင်မှု လျော့ကျစေပါတယ်။ ပါရာစီတမောဆေးက နာကျင်မှုဖြစ်စေတဲ့ ပရိုစတာဂလာဒင်ဟော်မုန်း တွေကိုလျော့ကျစေတဲ့နည်းနဲ့ ခန္ဓာကိုယ်ကို အပူချိန်မြင့်တက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

(၄) အနားယူ အပန်းဖြေပါ
ဖျားတယ်ဆိုတာ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ပိုးတွေ ကို တွန်းလှန်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုက် ခဲနာကျင်တဲ့ လက္ခဏာတွေ သက်သာလျော့ပါးစေဖို့ ကောင်းကောင်း အနားယူပေးဖို့ လိုပါတယ်။ ဒါမှသာ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်တဲ့အထိ စွမ်းအားရှိမှာပါ။

(၄) ရေအေးဝတ်ကပ်ပါ
ရေအေးဝတ်ကပ်ပေးတာကြောင့် ကိုယ်အပူ ချိန်ကို လျော့ကျစေပါတယ်။

(၅) ရေများများ သောက်ပါ
ဖျားနေတဲ့အချိန်မှာခန္ဓာကိုယ်က ရေဓာတ်ခမ်း ခြောက်မှုဖြစ်စေနိုင်တဲ့အတွက် ရေနဲ့ အရည်များများ သောက်သုံးပေးဖို့လိုပါတယ်။

(၆) ဆရာဝန်ထံ ပြပါ
ဖျားတဲ့ လက္ခဏာနဲ့အတူ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်တဲ့ဝေဒနာခံစားနေရရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ဆရာဝန်က သင်ကိုက်ခဲ နာကျင်ရတဲ့ အခြေခံအကြောင်းရင်းကိုရှာပြီး သင့်တော်တဲ့ ကုသမှုကိုပေးမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top