Healthy Life Ad
Health Tips

ဖရုံသီးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသင့်သလဲ . . .

ဖရုံသီးမှာ အစိမ်းရောင်နဲ့ အဝါရောင်ဆိုပြီး အရောင်နှစ်မျိုးတွေ့ရပါတယ်။ ဗီတာမင်အေ၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်စတဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

(၁) ကိုယ်အလေးချိန်ထိန်းပေးပါတယ်
ဖရုံသီးမှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေ နေရာမှာ အစားထိုးစားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် မတက်စေဘဲ ဆာလောင်မှုကို လျော့ကျစေပါတယ်။

(၂) အစာကြေညက်စေပါတယ်
ဖရုံသီးမှာ မဂ္ဂနီဆီယမ်ပါဝင်ပြီး အစာကြေညက်စေတာကြောင့် အရံဟင်းလျာအဖြစ် စားပေးသင့်ပါတယ်။

(၃) အေးမြစေပါတယ်
ဖရုံသီးဟာ ခန္ဓာကိုယ်ကို အေးမြစေတာကြောင့် ပူတဲ့အချိန်တွေမှာ စားသင့်ပါတယ်။

(၄) ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်
ဖရုံသီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်နေရင် ရောဂါအများစုမဖြစ်အောင် ကာကွယ်ထား နိုင်ပါတယ်။

(၅) ရောဂါဝေဒနာတွေကို လျှော့ချပေးပါတယ်
ဖရုံသီးဟာသွေးတိုးတာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာတွေ မဖြစ်အောင် လျှော့ချပေးနိုင်ပါတယ်။

(၆) သွေးတွင်းကိုလက်စထရောကျစေပါတယ်
ဖရုံသီးမှာ အမျှင်ဓာတ်အများအပြား၊ ဗီတမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ပါဝင်တဲ့ ဗီတာမင်တွေက ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါ(ဥပမာ- ရိုးဆစ်ရောင်ရမ်းနာ၊ အရိုးအဆစ်ရောင်တာနဲ့ ပန်းနာရင်ကျပ်ရောဂါ)တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ကင်ဆာကာကွယ်ပါတယ်
ဖရုံသီးဟာ ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ အကြောင်းကတော့ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစေပြီး အူမကြီးမှာ အဆိပ်တွေ စုပုံမှုမဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။ အူမကြီးထဲမှာ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေ စုနေရင် ကင်ဆာရောဂါဖြစ်ဖို့ အလားအလာများပါတယ်

(၈) ဆီးကျိတ်ကျန်းမာစေပါတယ်
ဖရုံသီးဟာ ဆီးကျိတ်ကြီးတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ် ကြီးတာကြောင့် ဖြစ်တတ်တဲ့ ဆီးသွားရ ခက်ခဲတာနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အခက်အခဲတွေကို လျော့ပါးစေပါတယ်။

(၉) မျက်စိကျန်းမာစေပါတယ်
ဖရုံသီးမှာ ဗီတာမင်စီနဲ့ လူတင်တို့ ပါဝင်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၁၀) အိုမင်းမှုဝေဒနာတွေကို လျော့ပါးစေပါတယ်
ဖရုံသီးမှာ ပါတဲ့ ဗီတာမင်အေက သွားပိုးစားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အိုမင်းမှုကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို လျော့ကျစေပါတယ်။

(၁၁) မှတ်ဉာဏ်ကောင်းစေပါတယ်
ဖရုံသီးဟာ ဦးနှောက်ဆဲလ်တွေရဲ့တည်ဆောက်မှုကို အားပေးတာကြောင့် မှတ်ဉာဏ်ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဆဲလ်တွေ ထိခိုက်မှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၁၂) ရေဓာတ်ပြည့်ဝစေပါတယ်
ဖရုံသီးမှာ ရေဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင် ပိုတက်ဆီယမ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရွှေဖရုံသီးစားပေးရင် ရေများများမသောက်ရင်တောင် တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေစေပါတယ်။

(၁၃) အရိုးသန်မာစေပါတယ်
ဖရုံသီးမှာ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ အလုံအလောက်ပါဝင်တာကြောင့် အရိုးတွေကိုသန်စွမ်းစေပါတယ်။ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ အရိုးကြွပ်ဆတ်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၄) အာဟာရဓာတ် ပါဝင်ပါတယ်
ရွှေဖရုံသီးရဲ့ အရောင်က သူ့မှာ အာဟာရဓာတ် ဘယ်လောက်ပါဝင်နေသလဲဆိုတာ ဖော်ပြနေပါတယ်။ အစိမ်းရင့်ရောင်ရွှေဖရုံသီးဟာ အစိမ်းဖျော့ရောင် ရွှေဖရုံသီးထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ ရွှေဖရုံသီးကိုစားမယ်ဆိုရင် အခွံကိုမခွာပါနဲ့။ အခွံမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးနိုင်လို့ပါ။ မချက်ပြုတ်ခင် ရေနဲ့သေချာဆေးကြောပေး သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top