Healthy Life Ad
Health Tips

ဗိုက်ချပ်စေမည့် နှစ်မိနစ် နည်းလမ်း

ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားနိုင်ပြီး ဝမ်းဗိုက်ချပ်ရပ်ကြည့်ကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ နေထိုင်မှုပုံစံ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နည်းအလေ့အကျင့်တွေကို လိုက်နာရပါမယ်။ ဒါ့အပြင် ဗိုက်ထဲက အဆိပ်အတောက်တွေ သန့်စင်ရှင်းလင်းသွားစေမယ့် နှစ်မိနစ်နည်းလမ်းကို လုပ်ဆောင်ပေးသင့်ပါတယ်။

တကယ်လို့ သင်ကနေ့စဉ်နေ့တိုင်း အဆင်သင့် အစားအသောက်တွေစားပြီး အထိုင်များတယ်ဆိုရင် ဒီနှစ်မိနစ် နည်းလမ်းက ထိရောက်မှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်လေ့ရှိတယ်ဆိုရင် ဒီနည်းက ပိုပြီးအသုံးဝင်မှာပါ။

သတိပြုရန်

– ထမင်းလို အစာများများစားပြီးပြီးချင်း မလုပ်ရပါ။

– ဆီးကျောက်နဲ့ သည်းခြေကျောက်ရှိရင် မလုပ်ရပါ။

– သွေးတိုးရောဂါရှိရင်၊ ကိုယ်ဝန်ဆောင်နေရင်၊ အူကျနေရင်၊ အစာအိမ်အနာရှိရင်၊ အူအနာရှိရင်၊ သားအိမ်၊ ဆီး အိမ်၊ သားဥအိမ်နဲ့သားဥပြွန်ရောင်ရမ်းနေရင် မလုပ်ရပါ။

နှစ်မိနစ်နည်းလမ်းအတွက် ညွှန်ကြားချက်
ဒီနည်းလမ်းကို မနက်စာမစားခင်နဲ့အိပ်ရာ မဝင်ခင် တစ်နေ့ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

(၁) ပက်လက်လှန်လှဲလျောင်းပါ။

(၂) လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ အချင်းချင်း ပွတ်သပ်ပေးပါ။

(၃) ချက်နေရာဘေးမှာ လက်တစ်ဖက်စီကို ဖြန့်တင်ပါ။

(၄)ဝမ်းဗိုက်ကို နာရီလက်တံအတိုင်း စက်ဝိုင်းငယ်ပုံစံပေါ်အောင် ညင်ညင်သာသာပွတ်သပ်ပေးပါ။ တဖြည်းဖြည်း ပိုကြီးမားတဲ့ စက်ဝိုင်းပုံဖြစ်အောင် ပွတ်ပေးပါ။

(၅) ဝမ်းဗိုက်နေရာပေါ်မှာ စတင်ဖြစ်ပေါ်လာတဲ့ အပူကို အာရုံစိုက်ပါ။

(၆) နှစ်မိနစ် ဆက်တိုက်လုပ်ပေးရင် စက်ဝိုင်း ၄၀နဲ့ ၅၀ ကြားရပါလိမ့်မယ်။ ဝမ်းဗိုက်က ပူလာဖို့လိုပါတယ်။

ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ဝမ်းဗိုက်တစ်ဝိုက်သွေးလှည့်ပတ်မှုတိုးစေပါတယ်။ ဒီလေ့ကျင့်နည်းလုပ်ပြီးပြီးချင်း အိပ်ရာပေါ်ကချက်ချင်းမထ ပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top