Healthy Life Ad
Life Style

ဆီးမထိန်းနိုင်ခြင်းအကြောင်း အယူအဆများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဆီးမထိန်းနိုင်တဲ့ ဝေဒနာနဲ့ပတ်သက်ပြီး လူအများစုဟာ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို လက်ခံထားတတ်ပါတယ်။ ဒါကြောင့် ဒီအယူအဆတွေက မှန်သလား၊ မှားသလားဆိုတာ ပိုင်းခြားသိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အယူအဆ(၁) – ဆီးမထိန်းနိုင်တာက ရောဂါ တစ်ခုဖြစ်ပါတယ်။
-အမှန်
ဆီးမထိန်းနိုင်တာက ခန္ဓာကိုယ်မှာ ပြောင်းလဲနေတဲ့ အခြေအနေတစ်ရပ်ရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးပါတယ်။

အယူအဆ(၂) – ဆီးမထိန်းနိုင်တာက အသက်ကြီးတဲ့သူတွေမှာပဲ အဓိက ဖြစ်ပါတယ်။
-အမှန်
ဆီးမထိန်းနိုင်တာက အသက်အရွယ်မရွေး အမျိုးသားရော အမျိုးသမီးပါဖြစ်တတ်တဲ့ အခြေအနေပါ။ အသက်ခြောက်နှစ်အရွယ် ၁၀ ရာခိုင်နှုန်းဟာ ဆီးအိတ်မထိန်းချုပ်နိုင်တဲ့ ပြဿနာရှိနေကြပြီး အသက် ၄၀ ကျော်အမျိုးသမီးသုံးယောက်မှာ အနည်းဆုံးတစ်ယောက်ဟာ ဆီးမထိန်းနိုင်တဲ့ ဝေဒနာရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်။

အယူအဆ(၃) – ဆီးမထိန်းနိုင်တာက အိုမင်းတဲ့ လက္ခဏာပါ။
-အမှန်
အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ထဲအပြောင်းအလဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာဖြစ်စေနိုင်ပေမယ့် အိုမင်းတာ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ အိုမင်းမှုကြောင့် မဖြစ်မနေခံစားရတဲ့ ပြဿနာလည်း မဟုတ်ပါဘူး။

အယူအဆ(၄) – ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိရင် ကုသပျောက်ကင်းနိုင်ခြေမရှိပါဘူး။
-အမှန်
အများအားဖြင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ကုသပျောက်ကင်းနိုင်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ အခြေအနေကို အောင်မြင်စွာ ထိန်းချုပ်ကုသနိုင်တဲ့ နည်းလမ်းတွေရှိတဲ့အနက် အခြေခံရောဂါကို ရှာဖွေတွေ့ရှိပြီး သင့်တော်တဲ့ကုသမှုခံယူရင် ပျောက်ကင်းနိုင်ခြေများပါတယ်။ ဒါကြောင့် ဆီးမထိန်းနိုင်တဲ့ ဝေဒနာကို မျိုသိပ်ရှက်ရွံ့မနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top