Healthy Life Ad
Q & A

ကျောက်ကပ်အစားထိုးပြီးချိန် လိုက်နာသင့်သည့် နေထိုင်စားသောက်မှုပုံစံ

မေး. ကျောက်ကပ်အစားထိုးထားချိန်မှာ ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာမ။
ဦးထွန်းမြင့်၊ သာကေတ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကျောက်ကပ်အစားထိုးထားချိန်မှာ ပုံမှန်အစားအသောက် (Normal Diet) ပဲစားရပါမယ်။ အသားကိုလည်း ပုံမှန်အတိုင်းပဲစားခိုင်းပါတယ်။ ဒါပေမဲ့ကျောက်ကပ်အစားထိုးပြီးပြီပဲဆိုပြီး တညင်းသီးတွေစားပစ်လိုက်တာမျိုး၊ အရက်တွေကို အလွန်အကျွံသောက်လိုက်တာမျိုးကတော့ လုပ်လို့မရပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ပုံမှန်စားသောက်ပေးရပါမယ်။

ကျောက်ကပ်အစားထိုးထားတဲ့သူတွေက ပရက်နီစလုံး (Prednisolone) တွေ သောက်ရတဲ့အတွက်ကြောင့် များသောအားဖြင့် ဝလာတတ်ပါတယ်။ အဲဒီအတွက် ကိုယ်အလေးချိန်ထိန်းနိုင်အောင် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ ပုံမှန်လမ်းလျှောက်ပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုဖြစ်သွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top