Healthy Life Ad
Life Style

Beauty Hack

လရိပ်မေ

– ဝက်ခြံမပေါက်စေမည့် အလွယ်နည်း
ဝက်ခြံမပေါက်အောင်ကာကွယ်နိုင်ဖို့ မျက်နှာမှာမိတ်ကပ်တွေလိမ်းပြီး ဘယ်တော့မှမအိပ်ပါနဲ့။ တစ်ညလုံး မိတ်ကပ်တွေနဲ့ အဆီတွေပိတ်ဆို့ပြီး ဝက်ခြံဖြစ်စေနိုင်လို့ပါ။ မျက်နှာမသစ်ဘဲ လိုးရှင်းလိမ်းတာ၊ ခရင်မ်လိမ်းတာမျိုးကိုလည်းရှောင်ပါ။ ဒီလိုမလုပ်ခင် မိတ်ကပ်ဖျက်ဆေးနဲ့ အရင်ဖျက်ပြီး ရေနဲ့ဆေးကြောလိုက်ပါ။

– ဝက်ခြံအမာရွတ်သက်သာစေမည့် အိမ်တွင်းကုထုံး
သံပရာရည်ထဲ ဝါဂွမ်းစစွတ်ပြီး ဝက်ခြံအမာရွတ်တွေပေါ် သုတ်လိမ်းပေးပါ။ ဒီလိုလုပ်တာကြောင့် အမာရွတ်နေရာမှ မယ်လာနင်ဓာတ်တွေ လျော့ကျစေပြီး အရေပြားကို ကြည်လင်စေပါတယ်။ သံပရာရည်မှာ သဘာဝအရောင်ချွတ်အာနိသင်ရှိလို့ပါ။ ဒါပေမဲ့ အရေပြားကို ခြောက်သွေ့စေတာကြောင့် ဒီနည်းသုံးပြီးတိုင်း မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်လိမ်းဖို့မမေ့ပါနဲ့။

– မျက်ဝန်းဖောင်းအစ်မှု သက်သာစေမည့်ဇွန်း
သင့်မျက်ဝန်းတွေ ဖောင်းအစ်ပြီးနွမ်းနယ်နေရင် စတီးဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာအအေးခန်းထဲထည့်ထားပြီး အဲဒီဇွန်းနှစ်ချောင်းကို မျက်ဝန်းပေါ်တင်ထားလိုက်ပါ။ မျက်ဝန်းဖောင်းအစ်နွမ်းနယ်မှု လျော့ပါးစေပါတယ်။

– မျက်တောင်ကော့ဆေး ကြာကြာခံအောင်
မျက်တောင်ကော့ဆေးက အငွေ့ပျံလွယ်တဲ့ အလှကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သူ့သက်တမ်းက ၃-၆လအထိပဲခံတာကြောင့် ကြာရှည်အသုံးခံချင်ရင် သုံးပြီးတာနဲ့ တင်းကျပ်စွာပိတ်ပြီး မှောင်မည်းအေးမြတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top