Healthy Life Ad
Local

ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး လမ်းညွှန်အမှာစကားပြောကြား

မြန်မာ CDC ဖွဲ့စည်းနိုင်ရေး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကွန်ပျူတာစနစ်ဆောင်ရွက်နေမှု၊ မဟာမဲခေါင်ဒေသခွဲ ကူးစက်ရောဂါထိန်းချုပ်ရေးစီမံချက် (GMS Health Security Project) စီမံချက်ဆောင်ရွက်မည့် အစီအစဉ်နှင့် ခွေးရူးပြန်ရောဂါကာကွယ်နှိမ်နင်းရေးတို့နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် ၄၇တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနား၌ ခွေးရူးပြန်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးလျက်ရှိသော ခွေးရူးပြန်ကာကွယ်ဆေးများအား စနစ်တကျအသုံးပြုရန်နှင့် သတင်းအချက်အလက်များကို စနစ်တကျလေ့လာဆန်းစစ်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ခွေးလေခွေးလွင့်နှိမ်နင်းခြင်းနှင့် ခွေးများအားကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုစီစဉ်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကွန်ပျူတာစနစ် (HRH Computerized System) ပြီးစီးပါက ဝန်ထမ်းများနေရာပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းဆိုင်ရာကိစ္စရပ်များတွင် ယခုထက်ပိုမို စနစ်ကျကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top