Healthy Life Ad
Health Tips

ခွေးရူးပြန်ရောဂါအကြောင်း သိမှတ်ဖွယ်ရာ

– ခွေးရူးရောဂါပိုး ထိတွေ့မှုမရှိအောင် နေထိုင်ပါ။

– ခွေးရူးပြန်ရောဂါဖြစ်ရတဲ့ ၉၆ ရာခိုင်နှုန်းက ခွေးကိုက်ခံရတာကြောင့် ဖြစ်တာပါ။ ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါဖြစ်ကာ သေဆုံးမှုကလည်း အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် ခွေးကိုက်မခံရအောင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

– အိမ်မွေးအချစ်တော်တိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးနဲ့ကြောင်တွေကို တိရစ္ဆာန်အထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ကာကွယ်ဆေးထိုးထားရပါမယ်။

– ခွေး၊ ကြောင်စတဲ့ တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့နီးစပ်သူတွေလည်း ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။

– ခွေးနဲ့ကြောင်အကိုက်ခံရရင် ကာကွယ်ဆေးထိုးပြီး ကုသမှုခံယူပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ရာနှုန်းပြည့် ကာကွယ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top