Healthy Life Ad
Q & A

မျှစ်ချဉ်ကကျန်းမာရေးနဲ့ ညီညွတ်သလား

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးသည်။

မေး ။ မျှစ်ချဉ်စားရင် ကျန်းမာရေးအတွက် သင့်တော်ပါသလားရှင့်။ ကျွန်မက မျှစ်ချဉ်ကိုအရမ်းကြိုက်လို့ပါ။
ဖြေ ။ မျှစ်ချဉ်စားရင်လူငယ်တွေအများစုအတွက်ကတော့ သင့်တော်ပါတယ်။ မျှစ်ချဉ်မှာ အမျှင်ဓာတ် (Insoluble Fiber) ပါဝင်တဲ့အတွက် ဝမ်းမှန်မှန်သွားစေပါတယ်။ အသက်ကြီးတဲ့သူတွေအတွက်ကတော့ မျှစ်ချဉ်စားရင် ယူရစ်အက်ဆစ် (Uric Acid) ကိုတက်စေတဲ့အတွက် များများမစားသင့်ပါဘူး။ အသက် ၂၀ အရွယ်မှာ မျှစ်ချဉ်စားရင် ဘာမှမဖြစ်တတ်ပေမယ့်ကြီးတဲ့ အရွယ်တွေကတော့ တစ်ပတ်မှာ တစ်ခါ-နှစ်ခါလောက်ပဲ စားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top