Healthy Life Ad
Health Tips

မိခင်နို့ကို နို့တိုက်တာပြင် တခြားဘာအတွက် သုံးနိုင်သေးသလဲ . .

၊ ငွေကြယ်စင်ယံ ၊

မိခင်နို့ချိုဟာ ရင်သွေးငယ်အတွက် အကောင်းဆုံးအာဟာရပါ။ ဒါကြောင့် ကလေးငယ်ရဲ့အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးပိုင်ဆိုင်စေဖို့ မွေးပြီးချိန်ကနေ ခြောက်လအထိ မိခင်နို့ချိုတစ်မျိုးတည်းကိုပဲ တိုက်ကျွေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားပါတယ်။ ကလေးကို အနည်းဆုံး ၁၂လကြာ မိခင်နို့ချိုတိုက်ပေးရင် အပြည့်အဝ ကျန်းမာရေးအကျိုးကျေးဇူးရရှိစေတယ်လို့ အမေရိကန် ကလေးအကယ်ဒမီက အကြံပြုထားပါတယ်။ မိခင်နို့ချိုမှာ သဘာဝပဋိဇီဝဆေးဝါးတွေ ပါဝင်တဲ့အတွက် အနာကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ဒါ့အပြင် မိခင်နို့ကိုသုံးနိုင်တဲ့ တခြားနည်းတွေလည်းရှိပါတယ်။

နည်းလမ်း (၁)

နို့သီးခေါင်းနာကျင်တာ၊ အက်ကွဲတာ၊ ကလေးမှာ ဝက်ခြံပေါက်တာ၊ အပူကြောင့် အနီကွက်ထတာနဲ့ ကလေးသေးနှီးကြောင့် အရေပြားပွန်းပဲ့တာတို့ဖြစ်ရင် မိခင်နို့ရည် အစက်အနည်းငယ် သုတ်လိမ်းပေးပါ။ မိခင်နို့ချိုတိုက်ကျွေးထားတဲ့ကလေးတွေက သေးနှီးကြောင့် အနီကွက်ဖြစ်နိုင်ခြေ လျော့နည်းပါတယ်။

နည်းလမ်း (၂)

မျက်စိနီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေရင် မျက်ဝန်းပေါ်မှာ မိခင်နို့ရည်ကို ညင်ညင်သာသာ ပွတ်လိမ်းပေးတာကြောင့် မျက်စိဝေဒနာသက်သာစေပါတယ်။ ဒါပေမဲ့ မျက်စိကျိန်းစပ်စပ်ဖြစ်တာဆိုးရင် မျက်စိဆရာဝန်နဲ့ ပြသင့်ပါတယ်။

နည်းလမ်း (၃)

ပြတ်ရှရာနဲ့ ခြစ်ရာတွေပေါ် နို့ရည်သုတ်လိမ်းပေးတာကြောင့် သက်သာပြီး မြန်မြန်အနာကျက်စေနိုင်ပါတယ်။

နည်းလမ်း (၄)

နားတွင်း ပိုးဝင်နေရင် မသက်မသာ ဝေဒနာသက်သာစေဖို့ မိခင်နို့ရည်က ထိထိရောက်ရောက် အသုံးဝင်ပါတယ်။ ဒါပေမဲ့ မိခင်နို့ချိုတစ်မျိုးတည်း တိုက်ကျွေးခံရတဲ့ ကလေးတွေကနားတွင်း ပိုးဝင်နိုင်ခြေနည်းပါတယ်။

နည်းလမ်း (၅)

လေယာဉ်ပေါ်မှာနဲ့ တခြားပိုးမွှားများတဲ့ နေရာတွေမှာ ကလေးရဲ့နှာခေါင်း အမြှေးပါးတွေကို ကာကွယ်နိုင်ဖို့ ကလေးနှာခေါင်းထဲ နို့ရည်အနည်းငယ်ထည့်ပေးထားပါ။ နှာချေတဲ့ တုံ့ပြန်ဖြစ်စဉ်ကို အားပေးပေမယ့် ဒါက ပိုးမွှားတွေကို တွန်းထုတ်လိုက်တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ကအဆင်းမှာ ကလေးရဲ့နားကို အုပ်ထားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top