Healthy Life Ad
International

လာဗရာဒေါအမျိုးအစားခွေးလေးက ဆီးချိုရောဂါသည်သခင်ကို ရောဂါမှကာကွယ်ပေး

၊ မိုးမင်းထွန်း ၊

ဆီးချိုရောဂါသည်တစ်ယောက်ဟာ ရောဂါအနံ့ခံခွေးတစ်ကောင်ရဲ့ အကူအညီကြောင့် တက်တဲ့ အကြိမ် ၅၀ဝ၀ကျော်ကိုရှောင်ရှားနိုင်ခဲ့ပြီး ပုံမှန်ဘဝအတိုင်းနေနိုင်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှ အလိုက်စ်ဟောစတိဟာ အသက် ၁၅ နှစ်အရွယ်မှာ အမျိုးအစား-၁ ဆီးချိုရောဂါဖြစ်ခဲ့တာကြောင့် နောက်ထပ်သုံးနှစ်သာ အသက်ရှင်သန်နိုင်မယ်လို့ခန့်မှန်းခံခဲ့ရပါတယ်။ သွေးတွင်းသကြားပမာဏ အပြောင်းအလဲကြောင့် သတိလစ်မေ့မျောတာနဲ့တက်တာ အကြိမ်ကြိမ် ခံစားရဖို့ရှိနေပါတယ်။

ကျောင်းထွက်လိုက်ရပြီး သူ့ရောဂါကိုထိန်းချုပ်ဖို့ ဆရာဝန်တွေက ကြိုးစားပေးခဲ့ပါတယ်။ အသက်၁၉နှစ်အရွယ်ရောက်မှပဲ ဆေးရုံက ဆင်းနိုင်ခဲ့ပြီး အမြဲစောင့်ကြည့်သူတစ်ယောက်လိုအပ်ခဲ့ပါတယ်။ ရောဂါစစ်ဆေးရေးသင်တန်းမှလေ့ကျင့်ထားတဲ့ခွေးလေးဟိုလီကို အလိုက်စ်နဲ့ရင်းနှီးကျွမ်းဝင်ကာ အဖော်အမြဲလုပ်ပေးနိုင်ဖို့ ထိန်းကျောင်းပေးခဲ့ကြပါတယ်။

အတူလမ်းထွက်လျှောက်တဲ့အခါတိုင်း ဟိုလီက သူ့ရဲ့လက်ကိုနမ်းကာ ကိုယ်တွင်း သကြားပမာဏ ကျဆင်းနေပြီဖြစ်ကြောင်း သတိပေးတတ်ပါတယ်။ တစ်ခါတစ်ရံ သတိပေးချက်ကို မသိကျိုးကျွန်ပြုနေပါက အပေါ်ထပ်ပြေးတက်သွားကာ အလိုက်စ်ရဲ့မိခင်ကို သွားရောက် သတိပေးတတ်ကြောင်းလည်း သိရပါတယ်။

ဟိုလီရဲ့ အနံ့ခံစနစ်က သကြားပမာဏတိုင်းကိရိယာထက် ပိုမြန်ကာ တိကျတယ်လို့ အလိုက်စ်က ဆိုပါတယ်။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟိုလီကြောင့် ကျောင်းပြန်တက်နိုင်ကာ GCSE စာမေးပွဲကို အောင်မြင်ခဲ့ပြီလို့လည်း သိရပါတယ်။ ဟိုလီက သူ့ဘဝကို ပြောင်းလဲနိုင်ခဲ့ကာ ဒီအတွက် အထူးကျေးဇူးတင်ရှိကြောင်းလည်း အလိုက်စ်ကပြောပြခဲ့ပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top