Healthy Life Ad
Q & A

ရုံးပတီသီးစားသင့်သလား

မေး ။ ရုံးပတီသီးစားရင် ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးရှိပါသလဲ။
ဦးထွေး၊ လှိုင်မြို့နယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ရုံးပတီသီးမှာ အဓိကပါဝင်တာကတော့ ဗီတာမင်အေပဲ ဖြစ်ပါတယ်။ ဗီတာမင်အေများများ ပါတဲ့ အတွက် မျက်စိကျန်းမာစေပါတယ်၊ အာရုံကြောကို ကောင်းမွန်စေပါတယ်။ ဗီတာမင်နဲ့ အာဟာရတွေ ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့တော့ ညီညွတ်ပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းတာကြောင့် အဝလွန်နေလို့ ကိုယ်အလေးချိန်ချချင်တဲ့သူတွေဆိုရင် ရုံးပတီသီးကြော်စားတာတို့၊ ရုံးပတီသီးဟင်းရည် သောက်စားတာတို့၊ ရုံးပတီသီးပြုတ် တို့စားတာတို့ လုပ်ပေးနိုင်ပါတယ်။ ဗိုက်ပြည့်ပြီး အမျှင်ဓာတ်လည်း ပါတဲ့အတွက် ဝမ်းလည်း ပုံမှန်သွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top